-->

Thursday, November 1, 2012

ငါ ကျေနပ်ပါတယ်


ငါကျေနပ်ပါတယ်
နင့်အတွက် ပေးဆပ်လိုက်ရတဲ့အချိန်တွေနဲ့
ငါ့ကြောင့် နင်ခံစားနေရတဲ့နေ့တွေ
လဲလှယ်ခွင့်ရှိတာကို…………….။

ငါကျေနပ်ပါတယ်
နင့်ကြောင့် ငါ့မျက်ရည်တွေကျခဲ့ရသလို

ငါ့ကြောင့် နင်နာကျင်ဆွေးမြည့်ပြီး…….
နင့်အလွမ်းတွေအတွက် အစားထိုးခွင့် နောက်ထပ်မရှိနိုင်တော့တာကို….။

ငါကျေနပ်ပါတယ်
ငါ့ကို တန်ဖိုးမထားခဲ့တဲ့အရင်ကနင်…..
အခု ငါ့တန်ဖိုးနားလည်ပြီး…….
နောင်တတွေတပွေ့တပိုက်
ပြန်မဆုံနိုင်ခြင်းအတွက် နင်ကြေကွဲနေတာကို…..။

ငါကျေနပ်ပါတယ်
အရင်က ငါ့မြတ်နိုးခြင်းတွေ နင့်အတွက် အသုံးမ၀င်ခဲ့သလို
နင့်တမ်းတမှုတွေက အခု ငါ့အတွက်
အရာမ၀င်တော့တာကို…….။

ငါကျေနပ်ပါတယ်
နင့်လောက်ရက်စက်နိုင်တဲ့သူ
ငါ့အတွက် နောက်တစ်ယောက်မရှိနိုင်တော့သလို
ငါ့လောက် ချစ်နိုင်တဲ့သူ
နင် နောက်ထပ်ရှာဖွေမတွေ့နိုင်တော့တာကို…….။

No comments:

Post a Comment