Laser
Printer သုံးစွဲသူများ လိုက်နာရန် အချက် (၅) ချက်Laser
Printer ဝယ်ယူသုံးစွဲသူများ အနေနဲ့ မိမိ Printer ကို ရေရှည်အသုံးပြုနိုင်ဖို့အတွက်
အောက်ပါ အချက် (၅) ချက်ကို လိုက်နာဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ တစ်ကြိမ်ထုတ်လျှင်
စာရွက် (၂၀) ထက် မပိုရ။
၁။ နံပါတ်တစ်အချက်ကတော့ Printing လုပ်တဲ့ အခါမှာ သတိထားသင့်တဲ့ အချက်ပါ။ စာရွက်တွေ အများကြီးကို တစ်ခါတည်း Command ပေးပြီး မထုတ်သင့်ပါဘူး။ အဲဒီလို ထုတ်မယ်ဆိုရင် Printer က Heat တက်လာပြီး Fuser Unit လောင်ကျွမ်းပျက်စီးနိုင်ပါတယ်။ Fuser မလောင်ရင်တောင် စာရွက် တွေမှာ အပူအရမ်းများတဲ့အတွက် Roller မှာ လိပ်သွားနိုင်ပါတယ်။ အဲဒါကြောင့် စာရွက်တွေ အများ ကြီးကို Print လုပ်မယ်ဆိုရင် အရွက် (၂၀) စီလောက်ကို ခွဲ ခွဲပြီး Command ပေး ထုတ်သင့်ပါတယ်။ စက္ကူ အကြမ်းများကို အသုံးမပြုရ။

၂။ နံပါတ်နှစ်အချက်ကတော့ အသုံးပြုမယ့် စာရွက်ရဲ့ Quality ကိုပြောတာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီလို စာရွက် အကြမ်းတွေ၊ အညံ့တွေမှာ မိမိကိုယ်တိုင် သတိမပြုမိ၊ မမြင်မိဘဲ ဝါးဖတ်ကလေးတွေ၊ အဖုအထစ်ကလေးတွေ ပါလာတတ်ပါတယ်။ ဒါကို သတိမပြုမိဘဲ အသုံးပြုမိတဲ့အခါမှာ Cartridge အတွင်းက Drum တို့၊ Blade တို့ကို ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ UPS ဖြင့် တွဲဖက် အသုံးပြုပါ။
၃။ နံပါတ်သုံးအချက်ကတော့ Power ပိုင်းပါ။ မိမိဝယ်ယူတဲ့ Laser Printer ရဲ့ Power အသုံးပြုမှုအပေါ် မူတည်ပြီး UPS ကို တွဲဖက်အသုံးပြုသင့်ပါတယ်။ အကယ်၍ UPS နဲ့ တစ်ဆင့်ခံအသုံးမပြုမိခဲ့ဘူးဆိုရင် ရုတ်တရက် မီးအားမငြိမ်တာတို့၊ မီးပျက်သွားတာ တို့နဲ့ဆိုရင် Printer ပါဝါကဒ်ပေါ်မှာရှိတဲ့ IC Chip တွေ လောင်သွားနိုင်ပါတယ်။ Printer အဖုံး၊ အစွပ်တို့ကို အသုံးပြုပါ။
၎။ နံပါတ်လေးအချက်ကတော့ မိမိ Printer ကို လုံလုံခြုံခြုံထားဖို့ပါ။ အဲဒီအတွက်ကတော့ အဖုံး (သို့မဟုတ်) အစွပ် တွေကို ဝယ်ယူအသုံးပြုသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ခါတလေမှာ မိမိကိုယ်တိုင် သတိမထားမိဘဲ Papaer Trail ထဲကနေတစ်ဆင့် ကြွက်တွေဝင်ပြီး Circuit တွေပေါ်မှာ အညစ်အကြေးတွေ စွန့်သွားတတ်ပါတယ်။ အဲဒါကို User အနေနဲ့ သတိမပြုမိဘဲ ဆက်ပြီး အသုံးပြုခဲ့မယ်ဆိုရင် Circuit တွေ Shock ဖြစ်ပြီး ပျက်စီးနိုင်ပါတယ်။(Online Error) ဖြစ်လျှင် အသုံးမပြုရ။
၅။ နံပါတ်ငါးအချက်ကတော့ Online Error ပါ။ Printer မှာ Online Error ဖြစ်လာရင် လုံးဝ အသုံးမပြုပါနဲ့။ ဒါကော ဘယ်လိုနည်းနဲ့ သိနိုင်မလဲ။ လွယ်ပါတယ်။ Printer မှာ ရှိသမျှ မီးတွေအားလုံး လင်းလာတာတို့၊ ခြစ်ခြစ်တောက်ပူလာတာတို့ ဖြစ်လာရင် Online Error ဆိုတာ သိနိုင်ပါတယ်။ အဲဒီလို ဖြစ်လာရင်တော့ Printer ကို လုံးဝ မသုံးသင့်တော့ပါဘူး။
No comments:
Post a Comment