-->

Thursday, November 1, 2012

Animation လေးတွေ ဘယ်လိုလုပ်ထားလဲ



Animation လေးတွေ ဘယ်လိုလုပ်ထားလဲ ဆိုတာ
သိနိုင်တဲ့ နည်းရှိပါတယ် ..

ပထမဆုံး

Start –All Program ကနေ …

Adobe Image Ready ကိုဖွင့်ပါ..

Photoshop နဲ့ တွဲပါလာတဲ့ Program ပေါ့ ..

Image ready ပွင့်လာရင်
အပေါ်ဘားတန်း “Window” မှ Animation ရဲ့ ရှေ့ မှာ အမှန်ခြစ်လိုက်ပါ
အပေါ်ဘားတန်း “Window” မှ Layer ရဲ့ ရှေ့ မှာ အမှန်ခြစ်လိုက်ပါ
Animation Box နဲ့ Layer Box ကို ခေါ်တင်လိုတာပါ ..
ပြီးရင်
File
Open ကိုနိုပ်
သင်ကြည့်ချင်တဲ့  Animation ပုံကို ရွေးပါ….
Animation ပုံလေး Image Ready မှာပွင့်လာရင်
သူရဲ့ လုပ်ဆောင်မှုတွေ မြင်နိုင်ပါပြီ….
Animation Box ရဲ့  ရှေ့ ဆုံးကွက်ဟာ ပထမဆုံးစက္ကန့် မှာ ပေါ်မယ်
ဘယ်ပုံတွေ ပေါ်မလဲ ဆိုတာကတော့
Layer Box မှာ ကြည့်ပါ
မျက်စိပူံလေးပေါ်နေတဲ့  Layer ကို မြင်ရမှာပါ
မျက်စိပိတ်ထား တဲ့  Layer ကို တော့ မမြင်နိုင်ပါဘူး ..
…………..

Animation Box ရဲ့  ဒုတိယကွက်ဟာ ဒုတိယစက္ကန့် မှာ ပေါ်မယ်
ဘယ်ပုံတွေ ပေါ်မလဲ ဆိုတာကတော့
Layer Box မှာ ကြည့်ပါ
မျက်စိပူံလေးပေါ်နေတဲ့  Layer ကို မြင်ရမှာပါ
မျက်စိပိတ်ထား တဲ့  Layer ကို တော့ မမြင်နိုင်ပါဘူး ..
………………………………….
Animation Box ရဲ့  တတိယကွက်ဟာ တတိယစက္ကန့် မှာ ပေါ်မယ်
ဘယ်ပုံတွေ ပေါ်မလဲ ဆိုတာကတော့
Layer Box မှာ ကြည့်ပါ
မျက်စိပူံလေးပေါ်နေတဲ့  Layer ကို မြင်ရမှာပါ
မျက်စိပိတ်ထား တဲ့  Layer ကို တော့ မမြင်နိုင်ပါဘူး ..
………………………
တကယ်တမ်းတော့
Animation ဆိုတာ
Layer တစ်ခုစီကို အလှည့်ကျ စနစ်နဲ့ ပေါ်လိုက် ၊ ဖျောက်လိုက်နဲ့ 
Layer နဲ့ Animation ကို ကစားတာပါပဲ
Animation ရဲ့  တစ်ကွက်ခြင်းဆီမှာ
ပြောင်းလဲ သွားတဲ့ Layer Box က မျက်စိအဖွင့်အပိတ် ကို သေချာလေ့လာပါ ..
တွေ့ တဲ့ Animation ပုံတိုင်း ကို Image Ready နဲ့ ဖွင့်လေ့လာကြည့် ပါ
ကိုယ်တိုင် Animation လေးတွေ ဖန်တီးနိုင်ပါစေ…

No comments:

Post a Comment