-->

Thursday, November 1, 2012

ကီးဘုတ်ကနေ ရှော့ကတ်ကီးလေး သုံးကြည့်ကြရအောင်။



ကီးဘုတ်ကနေ ရှော့ကတ်ကီးလေး သုံးကြည့်ကြရအောင်။

၁။ ၀င်းဒိုးကီးရယ်၊ E ကီးရယ်ကို နှိပ်ရင် My Computer ကို ဖွင့်တာပါ။ (၀င်းဒိုးကီး = Ctrl ကီးနဲ. Alt ကီးကြားထဲက ခလုပ် )

၂။ ၀င်ဒိုးကီးရယ်၊ R ကီးရယ်က Run Box ပါ။

၃။ ဖွင့်ထားတဲ့ Program တွေကို ပိတ်ချင်ရင်တော့ Alt နဲ. F4 ကီးပါ။

၎။ ဖွင့်ထားသမျှ Programs တွေအားလုံးကို တချိန်တည်းမှာ minimize လုပ်ချင်ရင် ၀င်းဒိုးကီးနဲ. D နဲ.။

၅။ Mozilla firefox မှာ New Tab ဖွင့်ချင်ရင် Ctrl နဲ. T ၊ Tab တွေကို ပြန်ပိတ်ချင်ရင် Ctrl နဲ. W ပါ။ Ctrl နဲ. N နဲ.က နောက်ထက် Mozilla window အသစ်ခေါ်တာပါ။

၆။ ကိုယ်က Program windows တွေအများကြီး ဖွင့်ထားရင် Alt ကို နှိပ်ထားပြီး Tab ကီးကို တစ်ချက်ခြင်းစီနှိပ်ပြီး ကိုယ်လိုချင်တဲ့ Program window ကို အလွယ်တကူ သွားလို.ရပါတယ်။

၇။ Ctrl နဲ. S နဲ.ကတော့ save လုပ်ပြီး သိမ်းမယ်လို. ဆိုလိုတာပါ။

၈။ Ctrl နဲ. X နဲ.ကတော့ select လုပ်ထားတဲ့ စာတွေ၊ ဖိုင်တွေကို Cut လုပ်တာ။

၉။ Ctrl နဲ. C နဲ.ကတော့ select လုပ်ထားတဲ့ စာတွေ၊ ဖိုင်တွေကို Copy လုပ်တာ။

၁၀။ Ctrl နဲ. V နဲ.ကတော့ copy လုပ်ထားတဲ့ စာတွေ၊ ဖိုင်တွေကို Paste လုပ်တာ။

Freedom ဆိုတာ
..
ဖရီးဒန်း ဆိုတာလေးကိုတော့ သိကြမှာပေါ့။ သူက တချို.ဘမ်းထားတဲ့ ဆိုက်တွေကို ကျော်ဝင်လို.ရအောင် လုပ်ပေးတယ်။ အသုံးပြုပုံကတော့
www.your-freedom.net မှာ ဒေါင်းလော့ယူ၊ အင်စတောလုပ်ပြီး Web Application နဲ.ချိတ်ဆက်ပြီးသုံးရင် ဘယ်လောက်ပိတ်ထားတဲ့
ဆိုတ်ပဲဖြစ်ဖြစ်ကျော်ဝင်လို.ရပြီပေါ့။ အသေးစိတ်သိချင်ရင်တော့ အီးမေးလ်နဲ.လှမ်းမေးလ်လို.ရပါတယ်။

အဲဒီလိုလုပ်ရတာကြာပါတယ် မြန်မြန်လေးကျော်ဖြတ်ချင်တယ်ဆိုရင်တော့ https://polysolve.com, www.proxyter.net တို.လို Web browser
ထဲမှာ ဘမ်းထားတဲ့ ကိုယ်သွားချင်တဲ့ ၀တ်ဆိုတ် ကိုရိုက်ထည့်ပြီး ကျော်ဖြတ်လို.လဲရပါတယ်။ ဒါပေမယ့် freedom လောက်တော့ဘယ်လွတ်လပ်
မလဲပေါ့နော်။

ခက်မြန်မြန်လေး ဖောင့်များကို ထည့်သွင်းနည်း။

ပထမဦးဆုံး ဖောင့်သွင်းဖို.အတွက် ဖေါင့်ဒေါင်းလော့ဆိုတာတွေကို ဒေါင်းလော့ယူ။ပြီးရင် Right click နှိပ်ပြီး Copy ဆိုတာကို ကလစ်နှိပ်။

ဒါနဲ.စကားမဆက် Run ဆိုတာကိုသိလားမသိဘူး။ Start ပတ်တန်လေးကို ကလစ်လုပ်လိုက်ရင် Run ဆိုတာကို တွေ.တယ်မလား။ အဲဒါကိုပြောတာ။
အဲဒီ Run Box ကို ရှော့ကတ်ကီးနဲ.သွားချင်ရင် ကီးဘုတ်က window ကီးရယ်၊ R ကီးရယ်ကို နှိပ်ပေးလို.ရတယ်။
Window ကီးဆိုတာကောသိလား။ ကီးဘုတ်ဘယ်ဘက်ချမ်းက Ctrl ကီးနဲ. Alt ကီး ကြားထဲက ကီးကိုပြောတာ။
အဲဒီ Run Box ထဲမှာ fonts လို.ရိုက်ပြီး Enter ခေါက်။ ဖောင်းဖိုင်တွေအများကြီး ပေါ်လာပြီဆိုရင် လွတ်တဲ့တနေရာပေါ်မှာ Right Click နှိပ်ပြီး Paste ကိုနှိပ်။
ဒါဆိုဖောင့်သွင်းခြင်းကိတ်စပြီးသွားပါပြီ။ လုပ်နေကြဆိုရင် တစ်မိနစ်တောင် မကြာဘူး။

on-screen keyboard ကို ဖန်တီးရအောင်

ကိုယ်ကစာတွေ အများကြီးတော့ ရိုက်ချင်တယ်။ ကီးဘုတ်လက်ကွက်တွေတော့ မနှိပ်တက်ဘူး၊ အဲဒီလို ဖြစ်နေရင် ဒီလိုလုပ်။
Start ကို ဖွင့် ပြီးရင် Programs ထဲသွား၊ Accessories ထဲကနေတဆင့် Accessibility ပြီးရင် on-screen keyboard ဆိုတာကို ကလစ်လုပ်။
ကီးဘုတ်ပုံစံလေး မော်နီတာမှာပေါ်လာလိမ့်မယ်။ အဲဒီ မော်နီတာပေါ်က ကီးဘုတ်ပုံစံလေးမှာ Settings ထဲကိုဝင် ပြီးရင်ဖောင့်ဆိုတာကို ကလစ်လုပ်။

ကိုယ်ကြိုက်တဲ့ ဖောင့်ကို ရွေး ပြီးရင် OK လုပ်။ ဒါဆိုရင် Mouse လေးနဲ.နှိပ်ပြီး စာတွေရိုက်လို. ရပြီပေါ့။


No comments:

Post a Comment