မဖြစ်နိုင်မှန်း သိကာရက်နဲ့
တိုးတိတ်မှုတွေနဲ့ တမ်းတကာ
မျှော်နေမိတယ်သူ့ကို....။
နေနိုင်သူတွက် ရှောင်ကာပုန်းနေလည်း
ခံယူမှုတွေ ထွေးပိုက်ထားပြီး
တန်ပြန်တက်ရောက်မှုလေး
ထပ်တူကျနေမိသော...ကျမတို့ရဲ့စိတ်
ဒါပေမဲ့ ဆွံ့အမှုကိုယ်စီနဲ့
အဆုံးသတ်နေမိတယ်....။
သာယာမှုတွေနဲ့ အဆင်ပြေပါစေကြောင်း
တောင်းဆုတွေခြွေနေရင်း
ရင်းနှီးခဲ့ဖူးသော နစ်ခြင်းတစ်ခု
အမှားရယ်လို့ မသတ်မှတ်ပဲ
သူပျော်ရာ ခြေဆန့်သွားနိုင်ပါတယ်လို့
ကျမ နားလည်မှုတွေနဲ့
အပြုံးတွေ ရပ်ကျန်နေရင်း
သူရဲ့ကျောပြင်ကို ငေးကြည့်နေဆဲပေါ့.....။
nang mwe kham
19.1.2013 5:30Pm
တိုးတိတ်မှုတွေနဲ့ တမ်းတကာ
မျှော်နေမိတယ်သူ့ကို....။
နေနိုင်သူတွက် ရှောင်ကာပုန်းနေလည်း
ခံယူမှုတွေ ထွေးပိုက်ထားပြီး
တန်ပြန်တက်ရောက်မှုလေး
ထပ်တူကျနေမိသော...ကျမတို့ရဲ့စိတ်
ဒါပေမဲ့ ဆွံ့အမှုကိုယ်စီနဲ့
အဆုံးသတ်နေမိတယ်....။
သာယာမှုတွေနဲ့ အဆင်ပြေပါစေကြောင်း
တောင်းဆုတွေခြွေနေရင်း
ရင်းနှီးခဲ့ဖူးသော နစ်ခြင်းတစ်ခု
အမှားရယ်လို့ မသတ်မှတ်ပဲ
သူပျော်ရာ ခြေဆန့်သွားနိုင်ပါတယ်လို့
ကျမ နားလည်မှုတွေနဲ့
အပြုံးတွေ ရပ်ကျန်နေရင်း
သူရဲ့ကျောပြင်ကို ငေးကြည့်နေဆဲပေါ့.....။
nang mwe kham
19.1.2013 5:30Pm