-->

Thursday, December 20, 2012

ဇရပ်

 
















နာကျင်မှု ကိုယ်စီနဲ့
တိတ်ဆိတ်ကာ ကုစားနေရင်း
ရင်းလိုက်ရတဲ့ ဒီနှလုံးသားတစ်စုံ
မဆုံခင်မှာ ဒဏ်ရာတွေ ဗရပွနဲ့
ဘာဖြစ်ဖြစ်...
အားတင်းပြီး ရှိနေတတ်ဆဲပါ.....။

နှုတ်ပိတ်ကာ ဟိုအဝေးကိုငေး
ရေးလိုက်ရတဲ့ ကဗျာတွေ
နာကျင်ဝမ်းနည်းမှုတွေ
ပြည့်နေသော စလုံးတွေများ
ခါးသက်ခြင်းများ ဖိတ်ခေါ်ကာမထားလည်း

Tuesday, December 18, 2012

လမ်းခွဲခြင်း

 














မဖြစ်နိုင်တဲ့ အချစ်တစ်ခုမှာ
ပိုချစ်မိသူက ပိုခံစားရတဲ့အဖြစ်
နာကျင်ကြေကွဲခြင်းတွေနဲ့အတူ
ဘ၀ဆိုတာပြန်ထလို့မရနိုင်အောင်
ကျရုံးမိသူက ကျွန်မပေါ့....။

မင်းရွေးချယ်တဲ့လမ်း
ငါတာတားပိုင်ခွင့်ရှိခဲ့ရင်
ဒူးထောက်ကာအရုံးပေးပြီး
မင်းရှေ့မောက်မှာ ခယမှုတွေနဲ့အတူ
တောင်းပန်မိမှာပါ.....။


ဝေဒနာမီး

မထင်မှတ်တဲ့ အမှားတွက်
ှနှလုံးအိမ်မှာ ဒဏ်ရာတွေဆူးနစ်ပြီး
နာကျင်ကြေကွဲမှုတွေ
 











ဗရပွနဲ့ နုတ်ခြင်းကို
စတင်မိတ်ဖွဲ့ခွင့်ရခဲ့တယ်...။

နစ်ခဲ့ဖူးပါတယ် အဆုံးထိ
ရှိခဲ့ဖူးပါတယ် သံယောဇဉ်တွေ
ဖြတ်တောက်ဖို့ခက်တဲ့
သူနဲ့ကျွန်မကြားက ခြားနားမှု
ဒါပေမဲ့..ခုတော့
သ၀န်တိုမှုနဲ့ ဝေဒနာမီးကို
စမွေးမိသူကကျွန်မပေါ့...။

နာကျင်မှုနဲ့ ပါးပြင်ထက်က
စီးကျလာတဲ့ ဒီမျက်ရည်
ဟန်ဆောင်မှုကိုပွေ့ဖက်ပြီး

ငေးနေခွင့်လေး

 








နစ်ခဲ့မိပါတယ် အဆုံးထိ
ရှိခဲ့ဖူးပါတယ် မေ့မရတဲ့
အမှတ်တရတွေအားလုံး
ရုန်းထွက်ဖို့ကြိုးစားခဲ့ဖူးတယ်
ဒီနစ်ခြင်းတရားကို ဒါပေမဲ့
အောင်မြင်မှုမရှိတော့
တိုးတိုးလေးနဲ့ သူရှိရာကို
အလွမ်းပြေခဏတော့
လာရောက်ငေးသွားမိတယ်.....။

မျှော်လင့်ခဲ့ဖူးတယ်
သူနဲ့အတူဆုံတွေ့ဖို့
စောင့်စားခဲ့ဖူးတယ်
သူနဲ့တညလုံးစကားပြောဖို့
တမ်းတခဲ့ဖူးတယ်
သူပေးမဲ့ အနမ်းလေးကိုခံယူဖို့
ဒါပေမဲ့...နာကျင်မှုနဲ့အတူ

Wednesday, December 12, 2012

Data တွေကို Caculator ထဲမှာ ထည့်သွင်းပြီး သိမ်းထားနိုင်တဲ့ နည်းလမ်း


အခု ကျွန်တော် ဖော်ပြမယ့် အကြောင်းအရာကတော့ မိမိကွန်ပျူတာမှာ တစ်ခြားသူတစ်ယောက် မမြင်စေလိုတဲ့ Data တွေကို Caculator ထဲမှာ ထည့်သွင်းပြီး သိမ်းထားနိုင်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်….Calculator ကတော့ Windows မှာပါရှိပြီသား Calculator မဟုတ်ပါဘူး…. Data တွေကို သီးခြားသိမ်းထားနိုင်အောင် စီမံထားတဲ့ အထူး Calculator ပဲဖြစ်ပါတယ်…..ဂဏာန်းပေါင်းစက်လိုလည်း အသုံးပြုနိုင်သလို Data တွေကို ဖွက်ထားဖို့ အတွက်လည်း အသုံးပြုနိုင်ပါတယ်……အထူးစီမံထားတဲ့ Calculator ကိုတော့ ဒီနေရာလေးကနေဒေါင်းယူနိုင်ပါတယ်…ဒေါင်းယူပြီး သွားပြီဆိုရင်တော့ အသုံးပြုနည်း အသေးစိတ်ကို တစ်ဆင့်ခြင်း ဖော်ပြပါ့မယ်……
၁။ Zip ဖိုင်ကို ဖြည်လိုက်ရင် Calc ဆိုတဲ့ Exe File ကို မြင်ရပါလိမ့်မယ်…ထို Calc ဆိုတဲ့ Exe ကို Double Click ပေးပြီး ဖွင့်လိုက်ပါ….ဖွင့်လိုက်တာနဲ့ အောက်ပါ ပုံအတိုင်း ရိုးရိုး Calculator ပုံစံအတိုင်း မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်……

၂။ ဒုတိယ အဆင့်အနေနဲ့ PIN Code အနေနဲ့ ရိုက်ထည့်ဖို့ အတွက် 123 ဆိုတာကို အစဉ်လိုက် နှိပ်ပြီး MS ဆိုတာကို နှိပ်ပါ့မယ်….

၃။ တတိယ အဆင့်အနေနဲ့ Software ရဲ့ PIN Code ကိုရိုက်ထည့်ပြီးပြီ ဆိုတာနဲ့ အောက်ပါ ပုံအတိုင်း မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်…......

၎။ Safe mode ဆိုတာ ပေါ်လာတာနဲ့ Data တွေကို Store လုပ်ဖို့အတွက် ပြင်ဆင်ပါ့မယ်….Data တွေကို ပေါင်းထည့်ဖို့ အတွက် + (အပေါင်း) လက္ခဏာ ကို နှိပ်ပါ့မယ်……. အပေါင်း (+) ကို နှိပ်ပြီးတာနဲ့ STORAGE, ‘=’ to confirm ဆိုတာကို မြင်ရပါလိမ့်မယ်……

၅။ Confirm လုပ်ဖို့အတွက် ညီမျှခြင်း (=) လက္ခဏာ ကို ဆက်နှိပ်ပါ့မယ်…. ညီမျှခြင်း (=)

ဂီတာအိုလေးရဲ့ ဘဝ

တေးသီချင်းများနဲ့ ငါဘဝ

တီးနေကြ ဂီတာအိုလေးတစ်လုံးရယ်

ထွေးပိုက်ထားစရာ သံစဉ်လေး

ခင်တွယ်စရာ အွန်လိုင်းကမ္ဘာ

ငါ့ဘ၀လေး ကြိုးပျက်နေသော

ဂီတာအိုလေး တစ်လုံးပါချစ်သူ

မင်းရဲ့အချစ်လေးတစ်ခုနဲ့

ငါ့အနား မင်းအတွက်ခပ်ဖွဖွ

ညင်သာသော အနမ်းလေးလည်း

မင်းလေးတစ်ယောက်တည်းအတွက်ပါ

ခိုနားခွင့်မရှိခဲ့သော......။

 









အဝေးရောက်နေသော
မင်းခြေလှမ်းတွေ
ငါဘာကြောင့်
ငေးကြည့်နေမိတာလဲ....။


တစ်နေ့ဆိုတဲ့မျှော်လင့်ချက်လေးက့
ငါ့အတွက် ရိုးမသွားနိုင်သော
ပုံပြင်ဟောင်းလေးတစ်ပုဒ်ဖြစ်နေလို့လား...။


ရှိပါစေတော့လေ သွားလေသူ
ကူရာမဲ့ မင်းနှလုံးသားမှာ
ငါတစ်ယောက်တည်းပိုင်တာမှမဟုတ်ခဲ့တာ

ကျွန်မရဲ့ဘ၀လေး

မြတ်နိုးမှုတွေနဲ့အတူ
မနက်ခင်းလေးကိုနိုးထလာတယ်
ပျော်ရွင်ကြည်နူးသောစိတ်လေးနဲ့
(၁၂)ရက်နေ့ကိုမြတ်နိုးနေဆဲပေါ့...။


တစ်နှစ်ပတ်လုံးမှာ (၁၂)ရာသီတွေ
အလီလီပြောင်းလို့ ထပ်တူကျနေသော
ဒီရင်ခုန်သံတွေနဲ့
ပျော်ရွင်မှုနဲ့ငိုကြွေခြင်း
ဖြစ်သမျှအရာတိုင်းကို
အေးအတူပူအမျှ ခုထက်ထိတိုင်
တွဲလက်တွေမြဲနေမိတာ သူနဲ့ကျွန်မပေါ့...။


(၂၀၁၂)..ခုနှစ်တဲ့ တွဲလက်တွေ
လေးနှစ် ဖြစ်ခဲ့ရတဲ့ သံတယတွေ
တောင်လိုပုံ မယုံနိုင်အောင်
ချစ်နေမိသော ဒီနှလုံးသား

ကဗျာနယ်ကျွံ

 







တိတ်ဆိတ်မှုတွေနဲ့အတူ
ဟိုတောင်ထိပ်ပေါ်က
ကဗျာရွတ်ဆိုသံ
ယဲ့ယဲ့လေးနဲ့ နားစွင့်နေမိတယ်...။


အသဲကွဲသီချင်းတွေနဲ့အတူ
သူဂစ်တာသံလေး သီကုံးဖွဲ့ဆို
နာကျင်လိုက်တာများ

ကုစားဖို့တောင် ဖြေဆေးမရှိခဲ့ပါလား
သူသိလေမလား မာယာခြင်းရဲ့
ဘေးတစ်ဘက် သူအကြောင်းပြောရင်

Saturday, December 8, 2012

သံယောဇဉ်

 







ဘ၀ခရီးတစ်ခုဆုံးဖို့အတွက် လျှောက်လှမ်းနေရင်းနဲ့
ညီညာမှုမရှိတဲ့ သံယောဇဉ်အမျှင်လေးတွေကို
ခိုင်မြဲမှုတွေနဲ့ တစ်ယောက်အပေါ်တစ်ယောက်
ချည်နှောင်ထားတော့ လွမ်းဆွေးတမ်းတနေမဲ့အတူတူ
ကောင်းတာကိုတွေးပြီး ဖြေသိမ့်ရတယ်လေ..

ဖြေသိမ့်မှုတွေနဲ့အတူ သူပေးခဲ့ဖူးတဲ့
နွေးထွေးမှုတွေက အတုအယောင်မှမဟုတ်ခဲ့တာ
တန်ဖိုးထားကာထွေးပိုက်ပြီး အဝေးတစ်နေရာကနေ
ထာဝရအတွက်ဆိုတာ ထာဝရပေါ့....

နှလုံးအိမ်ကပေါက်ဖွားလာသော ဒီခံစားချက်တိုင်းအတွက်
နှောင်တစ်ချိန်မှာ မျက်ရည်များစွာနဲ့ပေးဆပ်ရမှာကိုမလိုလားလို့ပါ
လျှောက်နေတဲ့လမ်းလေး အထီးကျန်စွာရှိနေချိန်မှာ
တစ်စုံတစ်ယောက်ကို ပြန်လည်တမ်းတမိတာက
လူရဲ့သဘာဝပဲမလား...

ခံစားချက်တိုင်းအတွက် မျက်ရည်များစွာနဲ့ရင်းနေရလည်း
ဖြူစင်စွာကျလာတဲ့ ဒီမျက်ရည်လေးကိုတော့ နစ်သက်နေမိသူပါ
ချည်နှောင်ခံခဲ့ရတဲ့ ရင်ဘတ်တစ်စုံ မဆုံနိုင်တဲ့ဒီလမ်းခရီးမှာ
တမ်းတမှုတွေနဲ့အတူ သူ့ဘေးမှာရှိနေချိန်ကို
ကျွန်မပျော်နေတတ်ပြီ သံယောဇဉ်ကိုမှ
ခုတ်ထွင်ရှင်းလင်းတတ်တဲ့သူရယ်
အခုတောင် ကျွန်မလွမ်းနေမိတယ်....။



nang mwe kham
29.11.2012 2:00Pm

ကျောချင်းကပ်

အတိတ်ကာလ အချိန်လေးတွေမှာ
မင်းနဲ့ငါ ဘာလို့မဆုံခဲ့ပါလိမ့်
နှမြောဖို့ကောင်းလိုက်တဲ့ အချိန်တွေရယ်
ငါ့ရဲ့ခံစားချက်တွေအားလုံး
နောက်ပြန်လှည့်လို့လည်းမရလေတော့
ကိုယ့်ဘ၀နဲ့ကိုယ် တိုးတိတ်စွာဖြေသိမ့်နေရင်းနဲ့
ရင်ဆိုင်ရအုန်းမဲ့ မနက်ဖြန်တိုင်းမှာ
မင်းကိုကြင်နာယုယဖို့ ငါ့နှလုံးအိမ်မှာ ထွေးပိုက်ထားပြီး
ဆုံတွေ့ခွင့်လေးကိုယ်စီနဲ့

စုန်းမ

 



















ခံယူမှုတွေနဲ့ လောကလေအဟုန်

ရင်ဆိုင်ကာကျော်ဖြတ်
နာကျင်မှုနဲ့သာယာမှု

ဘယ်အရာမှ ကြည်နူးတာ
မရှိခဲ့ ....


လေဟုန်တိုက်တဲ့ ဖက်
ငါသာ ရက်ရက်ရောရော

နားခိုရာမဲ့ 

ရွက်လွင့်ကာ စီးမျော .....


ရင်ဘတ် တစ်စုံ
ဘယ်အရာကို လက်ညှိုးညွှန်

ကိုယ့်စိတ်နဲ့ ထပ်တူကျ
လုပ်ဆောင်နိုင်စွမ်းရှိပါ့မလဲ

မှော်ဆရာမှ မဟုတ်ခဲ့တာ .....


လူတကာ အမြင်


အတ္တစိတ်

 








ဝေခွဲမရတဲ့ ဒီခံစားချက်တွေ
ဘာလို့ အရိပ်လို လိုက်ပြီးရှိနေတတ်တာလဲ
နာကျင်နေမှန်း သိရင်
လှည့်ပြန်သွားလိုက်ပါ....။

အားနာမှုတွေ ပိုက်ထွေးပြီး
ကျွန်မနားမှာမရှိပါနဲ့တော့
မင်းအတွက် အရာတိုင်းက
အဆင်မပြေမှန်း သိနေရက်နဲ့
နာကျင်ခါးသီးခြင်းတွေ မိတ်ဖွဲ့

အလွမ်းနွံ

ဆောင်းမနက်ခင်းလေးရဲ့
မြူနှင်းများကျဆင်းကာ
ကျွန်မဟိုအဝေးကိုလှမ်းလို့
ငေးကြည့်ရင်း
နှလုံးအိမ်ကတီးတိုးစွာအသိပေးနေသော
ဒီအလွမ်းဝေဒနာ ဖမ်းဆုတ်ယူလို့
မရသော အလွမ်းများ
ဖိတ်ခေါ်မှုမရှိပဲ အလွမ်းတွေက
ရောက်ရောက်လာတတ်တယ်နော်

အချစ်=သံယောဇဉ်
မမြင်နိုင်တဲ့ကွယ်ရာမှာ
အလွမ်းကိုယ်စီနဲ့
ရင်ဆိုင်ကာကျော်ဖြတ်
ညနက်မှုတိုင်းမှာလည်း

Thursday, November 22, 2012

♥♥ကျေးဇူးပါ ချစ်သူ♥♥

ဘ၀ကိုထုဆစ် ဒဏ်ရာတွေကိုပွေ့ဖက်လို့
တစ်ယောက်တည်း လမ်းကြမ်းတွေလည်း
ကျော်လွန်ဖြတ်သန်းနေ့ရက်များစွာ
အတ္တကိုထမ်းပိုး မာနတွေနဲ့ခ၀ါချလို့
အကြိမ်ကြိမ် ဆုံးရှုံးမှုများစွာကိုပိုက်ထွေ
ဘယ်လိုလမ်းကြမ်း ထပ်ကာလှမ်းလို့
လျှောက်ရဦးမယ် ငါမသိလေပြီ....
လမ်းများပေါ်မှာ ယောင်ချာချာကောင်လေး
ဘယ်ဆီဘယ်ဝယ် နားခှိုရာနေရာ
ဘယ်လိုပုံစံရှိနေမှာလည်း သိချင်နေခဲ့တယ်
ခုတော့လည်းအရင်လို တစ်ယောက်တည်း
အတွေးများစွာနစ်မွန်း အထီးကျန်ညများ

မင်းမရှိလို့ မဖြစ်တဲ့ကမ္ဘာ


အလွမ်းဒဏ်သင့် လို့ 
အလွမ်းကြိမ်စာစူး
အလွမ်းရောဂါ ရပြီး
အလွမ်းနာကျနေတဲ့  ငါ့ နှလုံးသားကို
နင်က နောက်ကျောကို ဓါးနဲ့ နဲ့ ထိုးဦးမလို့ လား
အဲဒါဆိုငါ့ရင်တွေ ဖွင့်ထားပေးမယ်
ငါ့ ရင်ဘက်တည့် တည့် ကို ထိုးလိုက်ပါ ဒါပေမယ့် 
ဘယ်ဘက်ကခုန်နေတဲ့  ရင်ခုန်သံစက်ကွင်းနေရာကိုတော့ မထိုးမိစေနဲ့ 
ဘာလိုလဲဆိုတော့ ....အဲဒီအထဲမှာနင်ရှိနေတယ်လေ

ဝေးရမယ်အကြောင်းမပြောနဲ့ တော့ ဟာ
ငါကနင်နဲ့ တခဏလေးတောင် မခွဲ၇ဲ့ လို့ ပါ

မုန်တိုင်းကို မစပျိုးမိသူကျွန်တော်

အရာရာကို အမြဲတမ်း
စဉ်းစားပြီး ဆုံးဖြတ်တတ်အောင်
သင်ယူဖို့ဒီကမ္ဘာလေလိုင်းပေါ်သို့
ရောက်ရှိလာခဲ့
တစ်ချိန်ချိန်မှာ ဒီလိုနေရာ ဒီလိုအချိန်
ကုန်ဆုံးသွားဖြစ်မယ်ဆိုတဲ့အတွေး
မထင်ထားခဲ့သော ကျွန်တော်
ခုတော့ မမျှော်လင့်ထားခဲ့မိတဲ့ နေရာ
မမျှော်လင့်ထားခဲ့တဲ့ ဒီလေလိုင်းပေါ်

နားလည်မှု့

နားလည်မှု
တကယ်တော့
တိတ်တဆိတ်နဲ့အိပ်မက်တိုင်း
မင်းကို ဆွတ်နူးတမ်းတ မိနေတယ်

တမ်းတမှုရဲ့ရလဒ်
တကယ်တန်းတော့
မင်းသာငါ့ရဲ့
ပျော်ရွင်မှုတွေနဲ့ပေးဆပ်နေမိသူပါ...

ဝါဿနာတူ ခံစားချက်တူ အကြိုက်ချင်းတူပြီး...
ရင်ဘတ်ချင်းညီမဲ့နေ့
ငါ အိပ်မက်ပါရစေ....

မျှော်လင့်စောင့်စားခွင့်လေး
ရာနှုန်းပြည့်မဟုတ်ရင်တောင်မှ
ငါ့နားမှာနေပေးပါလို့ တိုးတိတ်မှုတွေနဲ့ ကျမ...။

ကျေးဇူးပါချစ်သူ
ရင်ခွင်ထဲ တမ်းတခြင်းတွေနဲ့
တိတ်တိတ်လေး အရိပ်လို ရှိနေမှာပါ


Tuesday, November 20, 2012

စည်းတစ်ဖက်မှ နှလုံးသား


တို့နှစ်ယောက် တကယ်မချစ်ခဲ့သလို
နှစ်ယောက်လုံးရင်ထဲမှာတော့
အချစ်ဆိုတာကိုရေးရေးလေး
သိနေခဲ့ကြတာပါ...
တို့နှစ်ယောက်မဆုံဆည်းသင့်ဘူး
ဘာလို့လည်းလို့ မမေးပါနဲ့
တို့နှစ်ယောက်မေတ္တာမမှန်ဘူးလို့
နားလည်ပေးပါ...
တို့နှစ်ယောက်ခင်မင်မှု မဆုံးမရှိခဲ့ပါဘူး
ပျော်ရွှင်စရာတွေ အပြည့်နဲ့ပေါ့
နောက်ဆုံးလို့ မပြောဖြစ်ချင်ဘူး
တို့ဘ၀အဆုံးသတ်သွားမှာစိုးလို့ပါ
နှလုံးသား တစ်ခြမ်းနဲ့ ဘ၀ကို
ငါ့အတွက်ရှင်သန်ချင်လို့ပါ...
နောက်ကိုလည်းပြန်လှည့်သွားချင်ဘူး
ငါ့ရင်ထဲက မင်းအတွက်
အချစ်တွေပျောက်ဆုံးသွားမှာ စိုးလို့ပါ..

တီတိုးရွတ်ဆိုသံများနှင့် ငါ

ဘာရယ်တော့ မဟုတ်ဘူး
ငါတိုးတိုးလေး ရေရွတ်မိတာပါ။
ဘာရယ်တော့မဟုတ်ဘူး
ငါ တိုးတိုးလေးသီဆိုမိတာပါ။
ဘာရယ်တော့ မဟုတ်ပေမယ့်
ငါလေ ငြိတွယ်နေမိတာပါ။
ဘာရယ်တော့ အကြောင်းမရှိပေမယ့်
ငါ့ဖြူစင်မှုလေး နစ်မြုပ်သွားမှာကြောက်မိတာပါ။
ဘာကြောင့်ရယ်တော့ မဟုတ်ပါဘူး
စက္ကန့်လေးတွေပြေးနေသမျှ မြင်ချင်နေမိတာလေးပါ။
ဘာရယ်တော့ မမေးလိုက်ပါနဲ့
ငါ့အနားကနေ ကွယ်ပျောက်သွားမှာ စိုးမိတာပါ။
ဘာကြောင့်လည်းလို့ မမေးမိပါစေနဲ့
ငါပျောက်ဆုံးသွားနိုင်သလို
မင်းပျောက်ဆုံးသွားမှာကိုလည်း မလိုလားလို့ပါ။
ဘာကြောင့်လည်းဆိုတာထက်ကောင်မလေးရေ
ငါမင်းအတွက် ကောင်းကင်တစ်ခုသာဖြစ်ချင်ခဲ့လို့ပါ။

Saturday, November 17, 2012

အချစ်ရဲ့ ကျေးကျွန်

 












ငါ့အပေါ် ဖြူစင်စွာတကယ်ချစ်နေမိပြီဆိုရင်
ကောင်းလိုက် ဆိုးလိုက်မလုပ်ပါနဲ့လား
မင်းနဲ့အတူ စကားနိုင်တွေလုနေချိန်မှာ
တိတ်ဆိတ်မှုတွေနဲ့ ငါမျက်ရည်ကျနေမိသူပါ
တစ်ယောက်နဲ့တစ်ယောက်ချစ်နေမိပြီပဲ
နှလုံးသားခေါ်သံနောက်
လိုက်ကာလျှောက်နေရင်း ဘေးလူစကားဆိုတာ
မယုံစားနဲ့လား မင်းစိတ်ပင်ပန်းမှာဆိုးလို့ပါ
သံတယစိတ်တွေနဲ့ ငါ့အပေါ်အပြစ်တွေပုံ
မင်းရဲ့တစ်ဘက်သတ်အယူအဆတွေနဲ့
ဝေဒနာမီးကိုအစပြု

Thursday, November 15, 2012

ကြေကွဲသူ

တိတ်ဆိတ်နေသော သူ့ရင်ခုန်သံ
တမ်းတနေသော သူ့နွေးထွေးမှု
လိုအပ်နေသော သူ၏ခေါ်သံ
ပျော်စေချင်သော ဒီနှလုံးသား
ခါးသက်စေသော သူရဲ့တိတ်ဆိတ်မှု
စွန့်လွတ်စေချင်သော ငါ့နာကျင်ခြင်းတွေ
မျှဝေမှုမရှိတော့ ငါ့တာကြေကွဲသူလေးပေါ့....။
သူရှိမလားဆိုပြီး ဆက်လက်ကာမျှော်လင့်
ညနက်မှုတွေနဲ့ ငါသာရူးသွပ်နေခဲ့ပြီ
ရူးသွပ်မှုတွေနဲ့ကျလာတဲ့ ဒီမျက်ရည်
သူတာထပ်တူခံစားမိခဲ့ရင်

Friday, November 9, 2012

ရင်ခွင်အငှား

 






လွန်ဆန်မရတဲ့
အချစ်ရဲ့ ခေါ်ဆောင်ရာ
လိုက်ပါလျှောက်လှမ်း
ပျော်ရွှင်မှုနဲ့ငိုကြွေးမှု
သူလဲခံစားရသလို
ငါလဲ ရင်ဝယ်ပိုက်
နားလည်မှုတွေတိုင်တည်ထား
တွဲလက်တွေခုချိန်ထိခိုင်မြဲလို့
သူပျော်ရာလမ်း
ငါသာအလိုအပ်ဆုံးသူမို့
ထားရစ်ခြင်းရဲ့ဆုလဒ်
ငါ့ ရင်ကိုဖြိုခွဲ
နာကျင်ဝမ်းနည်းခြင်းနဲ့
သူတောင်းဆိုရာ
မထင်မှတ်တဲ့ ဒီလမ်းခွဲမှု
ငါသာနှုတ်ပိတ် ခေါင်းညိတ်
တိတ်ဆိတ်နေတဲ့ဘေးပတ်ဝန်းကျင်

Black & White To Colour Photo

Black & White To Colour Photo
ထုံးစံအတိုင်းပြင်မယ့် ပုံကို Photoshop နဲ့ဖွင့် Duplicate layer လုပ်ထားပေါ့။ ပြီးရင်Polygonal Lasso tool နဲ့ အကျီကို သပ်သပ်ယပ်ယပ်လေး Select လုပ်ပေးပါ .. ။ဒီ Tutorial မှာ Select က အသက်ဖြစ်ပါတယ်။



Polygonal Lasso tool ကိုလူသိပ်မသိတာလေး တစ်ခုရှိတယ်ဗျ .. ။ အဲဒါက selection လုပ်ပြီးလို့အောက်ပါပုံအတိုင်း ပိုနေတာ တွေ လိုနေတာတွေ ရှိလာရင် အစက ပြန်မလုပ်ပဲပြင်လို့ ရတယ်ဆိုတာကိုပါ။



Polygonal Lasso tool ရဲ့ အပေါ် Attribute bar မှာ Add to selection ဆိုတာလေး နှိပ်ပေးလိုက်။



Tool မှာ + လေး ပေါ်လာတယ် .. အဲဒါဆိုရင် အောက်မှာ ပြထားတဲ့ အတိုင်း လိုတဲ့ နေရာလေးကို ပြန်ဖြည့်ဆွဲ ပြီး Select ပြန်လုပ်လို့ ရပါတယ်။



အဲလိုပဲ Subtract from selection ဆိုတာကို နှိပ်ကြည့်လိုက်ပါ။


ပရင့်တာ သုံးသူများအတွက် ထိန်းသိမ်းနည်း

 
Printer တစ်လုံး ၀ယ်ပြီးပြီဆိုတာနဲ့ အသင်က မိမိရဲ့ Printer ကို ကောင်းမွန်စွာ ထိန်းသိမ်းပါရဲ့လား။ Computer ရဲ့ ဘေးနားမှာ ချထားပြီး လိုအပ်တဲ့အခါမှာ ထုတ်သုံးလိုက်ကြတာပဲ။ ဒီတော့ ဂရုစိုက်မှု မခံရတဲ့ Printer တွေက ရေရှည် အသုံးခံနိုင်စွမ်းကျသွားစေသလို အကုန်အကျလည်း များပြားသွားစေပါလိမ့်မယ်။ ဒီလိုတွေ မဖြစ်ရအောင် အောက်ပါ ပြုလုပ်ချက်လေးတွေကို အနည်းငယ် လိုက်နာကြရအောင်။
(၁) Printer ထုတ်လျှင် "Draft Mode" ကို ရွေးခြင်း
မိမိသည် ကိုယ်ပိုင်စာတိုပေစလေးများကို ထုတ်ယူအသုံးပြုမည်ဆိုပါက Printer အား Draft Mode ဖြင့်သာ ထုတ်ခြင်းဖြင့် မင်ရည်အသုံးပြုမှုကို အနည်းငယ်သက်သာစေသလို ကြာရှည်အသုံးပြုနိုင်ပါတယ်။ Draft Mode အသုံးပြုရန်အတွက် Control Panel ထဲက Printer နဲ့ Properties ထဲကို သွားပြီး Printing Preferences ထဲက Paper Quality မှာ Draft ကို ရွေးချယ်လိုက်ပါ။
(၂) Print Nozzle & Cartridge Cradles များအား ရှင်းလင်းခြင်း
ယခုခေတ်အတော်များများသာ Deskjet Printer များဟာ Nozzle နဲ့ Cartridge ကို ရှင်းလင်းရန်အတွက် အပိုပစ္စည်းလေးများ တစ်ခါတည်း ပါဝင်လာတတ်လေသည်။ ဒါကြောင့် တစ်ပတ်ကိုတစ်ခါလောက် မိမိ Printer ရဲ့ Nozzle နဲ့ Cartridge Cradles များကို စစ်ဆေးသင့်သည်။ ညစ်ပတ်နေတယ်ဆိုရင်တော့ လေမှုတ်စက်ဖြင့် ဖြစ်စေ၊ အရက်ပျံဆွတ်ထားတဲ့ ဂွမ်းလေးနဲ့ဖြစ်စေ သန့်ရှင်းသင့်သည်။
(၃) Web Base Printing အား အသုံးပြုခြင်း
အချိန်နဲ့မင် အသုံးပြုမှု သက်သာစေရန်အတွက် Manufacture များရဲ့ software အတော်များများ ရှိကြပါတယ်။ ဥပမာ- HP Smart Web Printing Software စသည်တို့ကို အသုံးပြုသင့်သည်။
Printer တစ်လုံး ၀ယ်ပြီးပြီဆိုတာနဲ့ အသင်က မိမိရဲ့ Printer ကို ကောင်းမွန်စွာ ထိန်းသိမ်းပါရဲ့လား။ Computer ရဲ့ ဘေးနားမှာ ချထားပြီး လိုအပ်တဲ့အခါမှာ ထုတ်သုံးလိုက်ကြတာပဲ။ ဒီတော့ ဂရုစိုက်မှု မခံရတဲ့ Printer တွေက ရေရှည် အသုံးခံနိုင်စွမ်းကျသွားစေသလို အကုန်အကျလည်း များပြားသွားစေပါလိမ့်မယ်။ ဒီလိုတွေ မဖြစ်ရအောင် အောက်ပါ ပြုလုပ်ချက်လေးတွေကို အနည်းငယ် လိုက်နာကြရအောင်။
(၁) Printer ထုတ်လျှင် "Draft Mode" ကို ရွေးခြင်း
မိမိသည် ကိုယ်ပိုင်စာတိုပေစလေးများကို ထုတ်ယူအသုံးပြုမည်ဆိုပါက Printer အား Draft Mode ဖြင့်သာ ထုတ်ခြင်းဖြင့် မင်ရည်အသုံးပြုမှုကို အနည်းငယ်သက်သာစေသလို ကြာရှည်အသုံးပြုနိုင်ပါတယ်။ Draft Mode အသုံးပြုရန်အတွက် Control Panel ထဲက Printer နဲ့ Properties ထဲကို သွားပြီး Printing Preferences ထဲက Paper Quality မှာ Draft ကို ရွေးချယ်လိုက်ပါ။
(၂) Print Nozzle & Cartridge Cradles များအား ရှင်းလင်းခြင်း
ယခုခေတ်အတော်များများသာ Deskjet Printer များဟာ Nozzle နဲ့ Cartridge ကို ရှင်းလင်းရန်အတွက် အပိုပစ္စည်းလေးများ တစ်ခါတည်း ပါဝင်လာတတ်လေသည်။ ဒါကြောင့် တစ်ပတ်ကိုတစ်ခါလောက် မိမိ Printer ရဲ့ Nozzle နဲ့ Cartridge Cradles များကို စစ်ဆေးသင့်သည်။ ညစ်ပတ်နေတယ်ဆိုရင်တော့ လေမှုတ်စက်ဖြင့် ဖြစ်စေ၊ အရက်ပျံဆွတ်ထားတဲ့ ဂွမ်းလေးနဲ့ဖြစ်စေ သန့်ရှင်းသင့်သည်။
(၃) Web Base Printing အား အသုံးပြုခြင်း
အချိန်နဲ့မင် အသုံးပြုမှု သက်သာစေရန်အတွက် Manufacture များရဲ့ software အတော်များများ ရှိကြပါတယ်။ ဥပမာ- HP Smart Web Printing Software စသည်တို့ကို အသုံးပြုသင့်သည်။

Thursday, November 8, 2012

မွန်းကြပ်လွန်းတဲ့..ငါ့ရဲ့စိတ်..။

အသိပေးချင်းရဲ့နောက်ကွယ် နှုတ်ပိတ်ကာခံစား
သိနေတယ် သူအဆင်မပြေဘူးဆိုတာ
ရှိနေပေးချင်တယ်သူအနားမှာ
နာကျင်သမျှ ဟန်ဆောင်ကာသူပြုံးပြတယ်
အလို....နာကျင်လွန်းတယ်..ငါရင်ဘတ်တစ်စုံမှာ
ဖြစ်တည်မှုတိုင်း ကံတရားကိုအပြစ်ပုံလို့
ငါဟားတိုက်စွာရီမော ငိုကြွေချင်းတွေနဲ့အဆုံးသတ်
သနားတတ်တဲ့ငါ့စိတ် သူအတွက်ဝမ်းနည်းချင်းတွေ
တောင်လိုပုံ သူယုံမလားလို့ အော်ခေါ်ကာလိုက်မေး
မေးမြန်းထူးဖော်မရှိတော့ ငါကအရူးတစ်ယောက်ပေါ့
မွန်းကြပ်လွန်းတဲ့ငါ့ရဲ့စိတ် ဖြေသိမ့်စရာဘယ်မှာရှိပါ့မလဲကွယ်
ငိုကြွေးချင်းတွေနဲ့အတူ ငါမင်းအတွက်နောက်ဆုံးထိရှိနေခွင့်ပြုပါလို့.............။



nang mwe kham
5.11.2012 6း00Pm

တွေးကြောက်နေမိသူ

 






 ဆောင်းလေညင်းလေးအတိုင်း
ငါ့ရဲ့နှလုံးသားကို အေးခဲ့တဲ့ဒဏ်ကိုခတ်ပြီး
အနာမရှိသလို ငါအချစ်တွေ နုတ်ယူသွားတယ်
သွားနေရာငါ့ရင်ဘတ်တစ်ခုလုံး
ပျော်သလိုနဲ့ နာကျင်နေရတယ်
အချစ်ကံခေသူမို့ ဖြစ်ချင်တိုင်းတာ
တောင်းတနေရင် ကံတရားက ဟားတိုက်နေမလားပေါ့
သူသိပါတယ်လေ အချစ်များစွာ သူနုတ်ယူသွားလည်း
ပြည်လည်ကာအပ်နှံမှုရှင်းလင်းပွဲဖြစ်တဲ့တစ်နေ့

အထီးကျန်ဆန်တဲ့ ညအမှောင်မှာ
တိတ်တိတ်လေးထိုင်ကာဆွေးနေရင်း
အရင်တုန်းကဒီလိုအချိန်လေးမှာ
သူဆီကနွေးထွေးမှုတွေပိုင်ဆိုင်ခဲ့ဖူးတယ်
ခုတော့....ဖြစ်ပျက်သွားတဲ့ အသဲကွဲပုံပြင်တစ်ခုလို
အဆုံးသတ်မရတဲ့ ဒီအလွမ်းတွေနဲ့
နာကျင်စွာခံစားရင်း ညကို ကျွန်မရင်ခုန်နေဆဲပါ
နေ့သစ်တိုင်းမှာညရဲ့အဆုံးသတ်ခြင်းကို
တန်ဖိုးထားကာမြတ်နိုးလို့

နားခိုရာ ခဏတာ

 
တကယ်ဆို ငါ့မှာလည်းခံစားချက်နဲ့ပါ
ဘယ်သူတွေ ၀မ်းနည်းနေမလည်း
ငါအမြဲတမ်း နှစ်သိမ့်ပေးမှုပေးနိုင်မို့
ခဏတာရင်ခွင့်တစ်စုံလေး
ငါဖွင့်ပေးထားပါတယ်....
အရိပ်လိုနေချိန်မှာ အရိပ်ကိုလိုနေတဲ့
တစ်ယောက်မဟုတ် တစ်ယောက်အတွက်ပါ
ဘယ်သူခိုလှုံခွင့်ရှိလည်းလို့ မမေးပါနဲ့

Wednesday, November 7, 2012

Graphic Guide




စာအုပ်အမည်    - Graphic Guide

ရေးသားသူ       - --

ဒေါင်းရန်          - စာအုပ်ကို ဒီမှာယူနော်...

HTML & CSS





စာအုပ်အမည်    - HTML & CSS

ရေးသားသူ       - World Wide Myanmar Group

ဒေါင်းရန်          - စာအုပ်ကို ဒီမှာယူနော်...

Photoshop မှတ်စုများ(၂)





စာအုပ်အမည်    - Photoshop မှတ်စုများ(၂)

ရေးသားသူ        - ဧရာမြေ၊ မင်းကိုထွေး၊ ဇွဲသူရိန်၊ ကိုမြတ်၊ ပေါက်စီ

ဒေါင်းရန်            - စာအုပ်ကို ဒီမှာယူနော်...

Photoshop မှတ်စုများ(၁)




စာအုပ်အမည်    - Photoshop မှတ်စုများ(၁)

ရေးသားသူ        - ဧရာမြေ၊ မင်းကိုထွေး၊ ဇွဲသူရိန်

ဒေါင်းရန်            - စာအုပ်ကို ဒီမှာယူနော်...

ရုပ်သံစီစဉ် ရိုက်ကူးထုတ်လုပ်ပြသခြင်း




စာအုပ်အမည်    - ရုပ်သံစီစဉ် ရိုက်ကူးထုတ်လုပ်ပြသခြင်း

ရေးသားသူ       - မြင့်တိုး (Arnold Ji)

ဒေါင်းရန်           - စာအုပ်ကို ဒီမှာယူနော်...

Tuesday, November 6, 2012

Tools များရဲ့ အသုံးပြုခြင်း လျှို့ဝှက်ချက်





စာအုပ်အမည်   - Tools များရဲ့ အသုံးပြုခြင်း လျှို့ဝှက်ချက်

ရေးသားသူ       - မျိုးဆက် (Mr.Photo)

ဒေါင်းရန်           - စာအုပ်ကို ဒီမှာယူနော်...

ကွန်ပျူတာတစ်လုံးကို ကိုယ်တိုင်တည်ဆောက်ခြင်း





စာအုပ်အမည် - ကွန်ပျူတာတစ်လုံးကို ကိုယ်တိုင်တည်ဆောက်ခြင်း

ရေးသားသူ       - ဦးမောင်မောင်ကြီး

ဒေါင်းရန်           - စာအုပ်ကို ဒီမှာယူနော်...

DOS Command နှင့်လက်တွေ့အသုံးများ





စာအုပ်အမည်   - DOS Command နှင့်လက်တွေ့အသုံးများ

ရေးသားသူ       - သန်းထိုက် (ရွှေရိပ်)

ဒေါင်းရန်          - စာအုပ်ကို ဒီမှာယူနော်...

Photoshop ကမ္ဘာသို့ အလည်တစ်ခေါက်လာခဲ့ပါ





စာအုပ်အမည်   - Photoshop ကမ္ဘာသို့ အလည်တစ်ခေါက်လာခဲ့ပါ

ရေးသားသူ       - ဦးအောင်နိုင်မော်

ဒေါင်းရန်          - စာအုပ်ကို ဒီမှာယူနော်...

PHP လှေကားထစ်များ





စာအုပ်အမည်     - PHP လှေကားထစ်များ

ရေးသားသူ         - ကိုကျော်

ဒေါင်းရန်             - စာအုပ်ကို ဒီမှာယူနော်...

AutoCAD 2002





စာအုပ်အမည်   - AutoCAD 2002

ရေးသားသူ        - ---

ဒေါင်းရန်           - စာအုပ်ကို ဒီမှာယူနော်...

Adobe Illustrator CS2 လက်တွေ့လေ့ကျင့်ခန်းများ







စာအုပ်အမည်    - Adobe Illustrator CS2

ဒေါင်းရန်            - စာအုပ်ကို ဒီမှာယူနော်...

CSS အကြောင်းတစေ့တစောင်း





စာအုပ်အမည်     - CSS အကြောင်းတစေ့တစောင်း

ရေးသားသူ         - ရာမညဖိုးလပြည့်

ဒေါင်းရန်             - စာအုပ်ကို ဒီမှာယူနော်...

A+ စာမေးပွဲအထောက်အကူပြု





စာအုပ်အမည်  - A+ စာမေးပွဲအထောက်အကူပြု

ရေးသားသူ      - အယ်ဒီတာအဖွဲ့ ( Personal Computer Magazine)

ဒေါင်းရန်          - စာအုပ်ကို ဒီမှာယူနော်...

Gtalk အသုံးပြုနည်း





စာအုပ်အမည်     - Gtalk အသုံးပြုနည်း

ရေးသားသူ         - နေစေး

ဒေါင်းရန်             - စာအုပ်ကို ဒီမှာယူနော်...