-->

Wednesday, December 12, 2012

ကဗျာနယ်ကျွံ

 







တိတ်ဆိတ်မှုတွေနဲ့အတူ
ဟိုတောင်ထိပ်ပေါ်က
ကဗျာရွတ်ဆိုသံ
ယဲ့ယဲ့လေးနဲ့ နားစွင့်နေမိတယ်...။


အသဲကွဲသီချင်းတွေနဲ့အတူ
သူဂစ်တာသံလေး သီကုံးဖွဲ့ဆို
နာကျင်လိုက်တာများ

ကုစားဖို့တောင် ဖြေဆေးမရှိခဲ့ပါလား
သူသိလေမလား မာယာခြင်းရဲ့
ဘေးတစ်ဘက် သူအကြောင်းပြောရင်

နားစွင့်တုန်းပါပဲ.....။
ကဗျာရွက်သံ
ခံနိုင်ရည်မရှိတော့
ရွတ်ဆိုခြင်းနောက်
ကောက်ကောက်ပါအောင်လိုက်မိသူ
မသေယုံတမယ်
ခွန်အားတွေကို အသစ်တဖန်
ပြန်လည်ကာ မွေးဖွား
ကိုယ့်ဘ၀ကိုယ် ပြန်မတ်
အော်...ရင်နှီးမှုများလိုက်တဲ့
"ကဗျာနယ်ကျွံ
ခံနိုင်ရည်မရှိသောသူများ
ဖြတ်သန်းသွားလာခြင်း မပြုရ''
ဒါပေမဲ့...ကျွန်မကဗျာကိုချစ်နေမိတယ်...။



nang mwe kham
11.12.2012 6:00Pm

No comments:

Post a Comment