-->

Thursday, November 1, 2012

အလွမ်းများနဲ့နေ့ရက်ရှည်





မင်းကလေညှင်း ၊ ငါပန်းခင်းဆို
တိုးဝှေ့လေပြေ ၊ ထိတွေ့စေတော့
တစ်ပွင့်ပန်းဖြစ် ၊ ဘဝစစ်တွင်
ရပ်တည်ချင်ခဲ့ ၊ ကြင်နာရက်တို့
ကျော်လွန်ဖြတ်သန်း ၊ ဘဝလမ်းမှာ
ပျော်ချင်မိတယ် ၊ ချစ်တဲ့သူရယ်…….
မင်းကနေမင်း ၊ ငါလမင်းဆို
နေမင်းအလင်း ၊ ခံယူခြင်းဖြင့်
ပျော်ရွှင်စဉ်နွှဲ ၊ ဘဝပွဲကို
ကောင်းကင်ခရီး ၊ တူလည်စီးလို့
ကုန်လွန်လိုက်ချင် ၊ ဆန္ဒတွင်လည်း
ကျေနပ်မိတယ် ၊ ချစ်တဲ့သူရယ်……
လောကဘေးဆိုး ၊ ဘဝမျိုးကြောင့်
တိုင်တည်ကာထား ၊ နှစ်ဦးသားလည်း
တူညီကွဲလွဲ ၊ ဝေးလွင့်ဆဲပင်
တွေးစိတ်ရင်ထဲ ၊ နှလုံး သဲ က
ထိတွေ့လေညှင်း ၊ ရနံ့သင်းလည်း
လွမ်းရက်တွေသီ ၊ လွမ်းရလေပြီ……
ဝေးဖို့ဖန်လာ ၊ ကံကြမ္မာရယ်
စုံဆည်းဖို့ရေး ၊ ဘယ်လိုတွေးလည်း
စည်းတစ်ခုခြား ၊ ဘဝများက
ဖန်ဝါနေမင်း ၊ စန္ဒာလင်းဖို့
အလင်းရောင်ပေး ၊ လင်းနေသေးလည်း
ချစ်ရက်နဲ့ပဲ ၊ လွမ်းနေရပြီ….

No comments:

Post a Comment