-->

Thursday, November 1, 2012

ချစ်သူသိစေ...

ချစ်သူအတွက် ရင်ခွင့်မဲ့ချိန်
ဒီလူရင်ခွင် သတိလေးတော့ရလိုက်ပါ
မင်းငိုနေချိန် ရင်ခွင်မဲ့သော
ငါ့ရင်ခွင်လေး အပြေးလေးသာလှမ်းခဲ့ပါ
မင်းတစ်ယောက်တည်း
အားငယ်နေသော အချိန်တွေလည်း
နှစ်သိမ့်ခွင့်လေး ငါ့ကိုမင်းပေးပါ
မင်းတစ်ယောက် ပျော်ရွှင်နေချိန်များ
ဒီရင်ခွင်လေး အဖော်မဲ့
ငါ့ရင်ကနေ မင်းပျော်ရာကို ထွက်ခွါပါ
ငါ့ရင်ခွင်လေး မင်းအငွေ့အသက်
သံယောဇဉ်အငွေ့ အမြဲမင်းတစ်ယောက်အတွက်ပါ
ဒီရင်ခွင်လေး အထီးကျန်လည်း
မင်းပျော်စေမို့ ကကြိုးရုပ်လေးဖြစ်စေရန်လည်း
ငါဝန်မလေးမိခဲ့တာ ချစ်ခြင်းများနဲ့ရင်ခွင်ပါ
နှလုံးသားကို စတေးပြီးချစ်ခဲ့ရတဲ့ကောင်မလေးအတွက်ပါ...ဒီလူရင်ထဲ မင်းလှမ်းလာပြီး ဘယ်လိုနေလည်း
တစ်ချက်စောင်းငဲ့ မင်းမကြည့်ပါနဲ့ ....မင်းလှမ်းကြည့်ချိန် သံယောဇဉ်များစွာထားခဲ့တဲ့ရင်ခွင်လေးမှာ
နာကျည်းစွာခံစား မင်းမြင်သွားပြီ မပျော်ရွှင်သာဖြစ်မှာ ငါကြောက်မိလို့ပါ......

No comments:

Post a Comment