-->

Friday, May 31, 2013

နားခိုရာမဲ့သော

 










တွေဝေမှုတွေနဲ့ ရွက်လွင့်
ခိုးလုံရာကို ရှာဖွေရင်း
ရင်းနှီးမှုတွေများလွန်းတဲ့
ဒီလောက ဘယ်ကံတရားများ
ကောင်းတဲ့ဘက်ကိုလမ်းညွန်ပေးမလဲ.......။

ဘ၀ရဲ့လိုအင်တွေ လိုက်စု
ပြိုလှဲမှုတွေလည်း အခါခါ
သူလိုလို ငါလိုလို နဲ့
ခုတောင် ခရီးအတော်ပေါက်နေပြီပေါ့.......။


Saturday, May 4, 2013

ချစ်ခြင်းဆိုတာ

 








ထွေးပိုက်ခွင့်မရှိသော
ချစ်ခြင်းတစ်ခု
ရင်နာစွာနဲ့ စွန့်လွတ်ခဲ့ပြီးကာမှ
ဘာလို့ အကြိမ်ကြိမ်
ပြန်လည်တမ်းတနေမိတာလဲ.....။

နှုတ်ဆက်မှုတွေရဲ့ နှစ်ကိုယ်ကြား
ခါးသီးမှုတွေများ စည်းခြားထားရင်းနဲ့
သူလည်း နာကျင်သလို
ကျမလည်း....ထပ်တူပေါ့.....။

ဝေးလွင့်နေသော အလွမ်းစိတ်
ထပ်ခါထပ်ခါ သူ့ကို လွမ်းနေရင်း

Friday, May 3, 2013

ဝဋ်ရှိရင်


နားလည်စွာပေးဆပ်နေရင်းနဲ့
နာကျင်မှုတွေ ထွေးပိုက်ပြီး
မင်းအတွက် ငါဆွံ့အခဲ့ဖူးပါတယ်
ပေးဆပ်ခြင်းရဲ့နောက်ကွယ်မှာ
ငါ့ကိုယ်ငါ သဂြိုလ်ခဲ့ဖူးသူပါ......။

ရယူပိုင်ဆိုင်လိုခြင်းမဟုတ်ခဲ့ပေမဲ့
အရာအားလုံးက မင်းအတွက်
စွန့်လွတ်ခဲ့ဖူးပါတယ်
ခုတော့ မင်းမသိစိတ်က

Wednesday, April 3, 2013

မင်းရဲ့တုန့်ပြန်မှု


အလွမ်းတွေပိုက်ထွေးပြီး
အဝေးရောက်နေသော
မင်းကို ကျမဖြူစင်စွာ
ငေးကြည့်နေဆဲပါ......။

တမ်းတမှုတွေမိတ်ဖွဲ့ပြီး
အဆုံးသတ်မရသော
ဒီနစ်ခြင်းတွေနဲ့အတူ
မင်းများပြန်လှည့်လာမလားလို့
ခုချိန်ထိ မိုက်ရူးရဲတွေနဲ့
စောင့်မျှော်နေတတ်ဆဲပါ......။

အဆုံးထိမျှော်လင့်နေရင်း

ကျမအတွက်


ကံအကြောင်းမလှတော့
ချစ်ရက်နဲ့လမ်းခွဲနေရတဲ့
ဖြစ်ရပ်မှန် ဘယ်ကံတရားကို
မှီခိုပြီး ဆုတောင်းနေရအုံးမှာလဲ.....။

ထားခဲ့လိုက်ပါတော့
မင်းရဲ့လိုအပ်ခြင်းတွေ ငါမှမဟုတ်ခဲ့တာ
ကျောခိုင်းလိုက်ပါတော့
မင်းရဲ့ဘ၀မှာ ငါဆိုတာ
သာယာမှုတွေမဖန်တီးနိုင်တဲ့သူတစ်ယောက်ပါ....။

လောကကံတရားရဲ့
စေညွန်းရာမင်းရဲ့ အဝေးမှာ

Sunday, March 24, 2013

One Body, One Lens….! (ဓာတ်ပုံ ရိုက်ကူးမှု ဆိုင်ရာ)

ဒီအကြောင်းလေးကို တော်တော်များများကလည်း ရေးဖို့တိုက်တွန်းတယ်..။ ကျွန်တော်ကလည်း
တကယ်ကိုရေးချင်ပါတယ်.။ ဘာလို့လဲ ဆိုတော့ Photography မှာ မလိုအပ်ပဲ အပို Waste ဖြစ်မယ့်
ကုန်ကျစရိတ်တွေက မနဲပါဘူး..။ Expensive Hobby ဖြစ်တဲ့အတွက် တစ်ချို့ က “အိမ်တွင်း သူခိုး”
လို့တောင် တင်စားကြပါတယ်..။
ဒီတော့ ကိုယ်ဘယ် Photography အပိုင်းကို တကယ်စိတ်ဝင်စားလဲ..။ လေ့လာချင်လဲ..။ အောင်မြင်ချင်လဲဆိုတာကို သုံးသပ်နိုင်ခြင်းဟာ..။ အပိုကုန်ကျစရိတ်တွေကို သိသိသာသာ သက်သာသွားစေမှာဖြစ်ပါတယ်..။ ဒါကြောင့် ကျွန်တော် ဒီ Post လေးကို ရေးဖြစ်ပါတယ်..။
One Body, One Lens ဆိုတာ Camera တစ်လုံး Lens တစ်ခုထဲနဲ့ အဆင်ပြေမယ့် Answer ပါပဲ…။ ကုန်ကျစရိတ်သက်သာသလို..။ High Quality Body or Lens နဲ့ ကိုယ် စိတ်ဝင်စားတဲ့ Photography ရဲ့ ရလဒ်ကို သိသိသာသာကြီး ပြောင်းလဲသွားစေတဲ့ နည်းလမ်း တစ်ခုပါပဲ…။
စလိုက်ရအောင်…။
(1) Landscapers
ပထမဦးဆုံး Landscape သမားတွေအတွက် ကျွန်တော် ညွှန်းချင်ပါတယ်..။ အပိုင်းနှစ်ပိုင်းရှိပါတယ်..။ Crop Frame Body လား..။ Full Frame Body လားဆိုတာပါပဲ..။
Full Frame သမားတွေက ရှင်းတယ်…။ Canon ဆိုရင် 5D Mark II ဝယ်ဗျာ..။ Nikon ဆိုရင် D700 ဝယ်..။ ဘာလို့လဲဆိုတော့ Canon 5D Mark III နဲ့ Nikon D800 တွေက အရမ်းကောင်းတာ မှန်သလောက် ဈေးကလည်း အရမ်းမြောက်ပါတယ်..။ Full Frame Support ဖြစ်တဲ့ Lens တွေ ရှိပြီးသားသူများအတွက်တောင် တော်တော်လေး ဈေးက မြောက်နေပါသေးတယ်..။ ဒီ့အတွက် အခုမှ