-->

Friday, May 3, 2013

ဝဋ်ရှိရင်


နားလည်စွာပေးဆပ်နေရင်းနဲ့
နာကျင်မှုတွေ ထွေးပိုက်ပြီး
မင်းအတွက် ငါဆွံ့အခဲ့ဖူးပါတယ်
ပေးဆပ်ခြင်းရဲ့နောက်ကွယ်မှာ
ငါ့ကိုယ်ငါ သဂြိုလ်ခဲ့ဖူးသူပါ......။

ရယူပိုင်ဆိုင်လိုခြင်းမဟုတ်ခဲ့ပေမဲ့
အရာအားလုံးက မင်းအတွက်
စွန့်လွတ်ခဲ့ဖူးပါတယ်
ခုတော့ မင်းမသိစိတ်က

ငါ့ကိုဘယ်နေမိပြီပဲ
ဖြစ်သမျှ ခံယူနေရင်း
မင်းရဲ့အဝေးမှာ ငါရှင်သန်သွားမှာပါ....။

ရှိပါစေတော့လေ ဒီဘ၀ဒီမျှနဲ့တင်
ဝဋ်ရှိရင်ကျေပေးတော့ကွယ်
မင်းမရှိတော့တဲ့ ဒီလမ်းခရီးမှာ
ငါတစ်ယောက်တည်းရုန်းကန်စွာ
ရှင်သန်ရင်းနဲ့ နာကျဉ်းတတ်တဲ့
စိတ်တွေနဲ့အတူ ကျမထာဝရ
တစ်နေ့ထိတော့..........။


nang mwe kham
2.5.2013 4:00Pm

No comments:

Post a Comment