-->

Saturday, May 4, 2013

ချစ်ခြင်းဆိုတာ

 








ထွေးပိုက်ခွင့်မရှိသော
ချစ်ခြင်းတစ်ခု
ရင်နာစွာနဲ့ စွန့်လွတ်ခဲ့ပြီးကာမှ
ဘာလို့ အကြိမ်ကြိမ်
ပြန်လည်တမ်းတနေမိတာလဲ.....။

နှုတ်ဆက်မှုတွေရဲ့ နှစ်ကိုယ်ကြား
ခါးသီးမှုတွေများ စည်းခြားထားရင်းနဲ့
သူလည်း နာကျင်သလို
ကျမလည်း....ထပ်တူပေါ့.....။

ဝေးလွင့်နေသော အလွမ်းစိတ်
ထပ်ခါထပ်ခါ သူ့ကို လွမ်းနေရင်း

တိုးတိတ်နေသော သူခြေသံ
နားစွန့်ကာ မျှော်မှန်းလို့
သူလည်း မကြာခဏ
ကျမကို လည်ပြန်
ခိုးကြည့်သွားပြန်ရောလားကွယ်
ရင်နာစွာနဲ့ နှုတ်ပိတ်ရင်း
တစ်နေ့ပြီးတစ်နေ့ တစ်ရက်ပြီးတစ်ရက်
နောက်ဆုံးတော့..ချစ်ခြင်းဆိုတာ
ပျက်ပျယ်သွားခြင်းမရှိပဲ
ကျမအနားမှာပဲ..သူထားခဲ့ပြန်တယ်....။


nang mwe kham
3.5.2013 11:00Am

No comments:

Post a Comment