-->

Friday, May 31, 2013

နားခိုရာမဲ့သော

 










တွေဝေမှုတွေနဲ့ ရွက်လွင့်
ခိုးလုံရာကို ရှာဖွေရင်း
ရင်းနှီးမှုတွေများလွန်းတဲ့
ဒီလောက ဘယ်ကံတရားများ
ကောင်းတဲ့ဘက်ကိုလမ်းညွန်ပေးမလဲ.......။

ဘ၀ရဲ့လိုအင်တွေ လိုက်စု
ပြိုလှဲမှုတွေလည်း အခါခါ
သူလိုလို ငါလိုလို နဲ့
ခုတောင် ခရီးအတော်ပေါက်နေပြီပေါ့.......။


နောက်ဆုံးရလဒ်ကတော့
အထီးကျန်စွာ နာကျင်ခံစားရင်း
အားမာန်ကိုတင်းလို့
ပန်းတိုင်ရောက်တဲ့ထိ
ကြိုးစားကာ ပျံသန်း
နားခိုရာမဲ့သောငှက်လေး
မင်း...ဘယ်လောက်ထိများ
ပျံသန်းနေရအုံးမလဲကွယ်.......။

nang mwe kham
30.5.2013 10:30Am

No comments:

Post a Comment