-->

Friday, May 31, 2013

နားခိုရာမဲ့သော

 










တွေဝေမှုတွေနဲ့ ရွက်လွင့်
ခိုးလုံရာကို ရှာဖွေရင်း
ရင်းနှီးမှုတွေများလွန်းတဲ့
ဒီလောက ဘယ်ကံတရားများ
ကောင်းတဲ့ဘက်ကိုလမ်းညွန်ပေးမလဲ.......။

ဘ၀ရဲ့လိုအင်တွေ လိုက်စု
ပြိုလှဲမှုတွေလည်း အခါခါ
သူလိုလို ငါလိုလို နဲ့
ခုတောင် ခရီးအတော်ပေါက်နေပြီပေါ့.......။


Saturday, May 4, 2013

ချစ်ခြင်းဆိုတာ

 








ထွေးပိုက်ခွင့်မရှိသော
ချစ်ခြင်းတစ်ခု
ရင်နာစွာနဲ့ စွန့်လွတ်ခဲ့ပြီးကာမှ
ဘာလို့ အကြိမ်ကြိမ်
ပြန်လည်တမ်းတနေမိတာလဲ.....။

နှုတ်ဆက်မှုတွေရဲ့ နှစ်ကိုယ်ကြား
ခါးသီးမှုတွေများ စည်းခြားထားရင်းနဲ့
သူလည်း နာကျင်သလို
ကျမလည်း....ထပ်တူပေါ့.....။

ဝေးလွင့်နေသော အလွမ်းစိတ်
ထပ်ခါထပ်ခါ သူ့ကို လွမ်းနေရင်း

Friday, May 3, 2013

ဝဋ်ရှိရင်


နားလည်စွာပေးဆပ်နေရင်းနဲ့
နာကျင်မှုတွေ ထွေးပိုက်ပြီး
မင်းအတွက် ငါဆွံ့အခဲ့ဖူးပါတယ်
ပေးဆပ်ခြင်းရဲ့နောက်ကွယ်မှာ
ငါ့ကိုယ်ငါ သဂြိုလ်ခဲ့ဖူးသူပါ......။

ရယူပိုင်ဆိုင်လိုခြင်းမဟုတ်ခဲ့ပေမဲ့
အရာအားလုံးက မင်းအတွက်
စွန့်လွတ်ခဲ့ဖူးပါတယ်
ခုတော့ မင်းမသိစိတ်က

Wednesday, April 3, 2013

မင်းရဲ့တုန့်ပြန်မှု


အလွမ်းတွေပိုက်ထွေးပြီး
အဝေးရောက်နေသော
မင်းကို ကျမဖြူစင်စွာ
ငေးကြည့်နေဆဲပါ......။

တမ်းတမှုတွေမိတ်ဖွဲ့ပြီး
အဆုံးသတ်မရသော
ဒီနစ်ခြင်းတွေနဲ့အတူ
မင်းများပြန်လှည့်လာမလားလို့
ခုချိန်ထိ မိုက်ရူးရဲတွေနဲ့
စောင့်မျှော်နေတတ်ဆဲပါ......။

အဆုံးထိမျှော်လင့်နေရင်း

ကျမအတွက်


ကံအကြောင်းမလှတော့
ချစ်ရက်နဲ့လမ်းခွဲနေရတဲ့
ဖြစ်ရပ်မှန် ဘယ်ကံတရားကို
မှီခိုပြီး ဆုတောင်းနေရအုံးမှာလဲ.....။

ထားခဲ့လိုက်ပါတော့
မင်းရဲ့လိုအပ်ခြင်းတွေ ငါမှမဟုတ်ခဲ့တာ
ကျောခိုင်းလိုက်ပါတော့
မင်းရဲ့ဘ၀မှာ ငါဆိုတာ
သာယာမှုတွေမဖန်တီးနိုင်တဲ့သူတစ်ယောက်ပါ....။

လောကကံတရားရဲ့
စေညွန်းရာမင်းရဲ့ အဝေးမှာ

Sunday, March 24, 2013

One Body, One Lens….! (ဓာတ်ပုံ ရိုက်ကူးမှု ဆိုင်ရာ)

ဒီအကြောင်းလေးကို တော်တော်များများကလည်း ရေးဖို့တိုက်တွန်းတယ်..။ ကျွန်တော်ကလည်း
တကယ်ကိုရေးချင်ပါတယ်.။ ဘာလို့လဲ ဆိုတော့ Photography မှာ မလိုအပ်ပဲ အပို Waste ဖြစ်မယ့်
ကုန်ကျစရိတ်တွေက မနဲပါဘူး..။ Expensive Hobby ဖြစ်တဲ့အတွက် တစ်ချို့ က “အိမ်တွင်း သူခိုး”
လို့တောင် တင်စားကြပါတယ်..။
ဒီတော့ ကိုယ်ဘယ် Photography အပိုင်းကို တကယ်စိတ်ဝင်စားလဲ..။ လေ့လာချင်လဲ..။ အောင်မြင်ချင်လဲဆိုတာကို သုံးသပ်နိုင်ခြင်းဟာ..။ အပိုကုန်ကျစရိတ်တွေကို သိသိသာသာ သက်သာသွားစေမှာဖြစ်ပါတယ်..။ ဒါကြောင့် ကျွန်တော် ဒီ Post လေးကို ရေးဖြစ်ပါတယ်..။
One Body, One Lens ဆိုတာ Camera တစ်လုံး Lens တစ်ခုထဲနဲ့ အဆင်ပြေမယ့် Answer ပါပဲ…။ ကုန်ကျစရိတ်သက်သာသလို..။ High Quality Body or Lens နဲ့ ကိုယ် စိတ်ဝင်စားတဲ့ Photography ရဲ့ ရလဒ်ကို သိသိသာသာကြီး ပြောင်းလဲသွားစေတဲ့ နည်းလမ်း တစ်ခုပါပဲ…။
စလိုက်ရအောင်…။
(1) Landscapers
ပထမဦးဆုံး Landscape သမားတွေအတွက် ကျွန်တော် ညွှန်းချင်ပါတယ်..။ အပိုင်းနှစ်ပိုင်းရှိပါတယ်..။ Crop Frame Body လား..။ Full Frame Body လားဆိုတာပါပဲ..။
Full Frame သမားတွေက ရှင်းတယ်…။ Canon ဆိုရင် 5D Mark II ဝယ်ဗျာ..။ Nikon ဆိုရင် D700 ဝယ်..။ ဘာလို့လဲဆိုတော့ Canon 5D Mark III နဲ့ Nikon D800 တွေက အရမ်းကောင်းတာ မှန်သလောက် ဈေးကလည်း အရမ်းမြောက်ပါတယ်..။ Full Frame Support ဖြစ်တဲ့ Lens တွေ ရှိပြီးသားသူများအတွက်တောင် တော်တော်လေး ဈေးက မြောက်နေပါသေးတယ်..။ ဒီ့အတွက် အခုမှ

အရိုင်းပန်း



မပြည့်စုံမှုတွေနဲ့
ရှာဖွေနေရင်း
မပြေလည်မှုတွေကြား
အချစ်တစ်ခုကိုပိုက်ထွေးမိပြန်တယ်....။

မဖြစ်နိုင်သောလမ်းကိုတူးဆွ
ဖြစ်သင့်သာလမ်းကိုကျောခိုင်း
မင်းအတွက်ငါက အရိုင်းပန်းလိုပေါ့.....။



ငါမုန်းတဲ့သင်္ကြန်

1 ပိတောက်အချစ်လေး download
2 အသစ်ရဲ့အစ download
3 တူးပို့သူမနှင့်ကျနော် download
4 အရမ်းလန်းတယ် download
5 ငါမုန်းတဲ့သင်္ကြန် download
6 စာမျက်နှာသစ် download
7 အဆုံးသက်နေ့ရက် download
8 နစ်သစ်တေး download
9 မင်းမရှိတဲ့... download
10 နစ်သစ်သီချင်း download
11 ဒဏ်ရာဟောင်းနဲ့လူ download
12 သင်္ကြန်ကျပြီ download
13 bonus
ဇော်ဝင်းထွဋ်၊ရင်ဂို၊စည်သူလွင်
download

Friday, March 22, 2013

Alice_Touch_Typing_Tutor_v1.1 & Keygen

 

မိမိတို့၏ ရင်သွေးငယ်လေးများအား typing လေ့ကျင့်ရိုက်နက်စေရန်အတွက် ကျွန်တော်ရှာဖွေ
စုဆောင်းထားသော AliceTouchTypingTutorဆော့ဝဲစ်လေးဖြင့် လေ့ကျင့်နိုင်စေသလို typing
 လေးများကိုလည်း အချို့ကွန်ပျုတာစသုံးသူများ မိမိလက်အနေအထားဘယ်နေရာဘယ်စာလုံးကိုဖြင့် မည်သည့်လက်ဖြင့်နည်းစနစ်မှန်ကန်စွာ ရိုက်စေချင်ဖြင့် သွက်လက်သော typing လေးများ
ရိုက်နက်နိုင်စေရန် တင်ပေးလိုက်ပါတယ်...တင်ပေးလိုက်တယ်ဆိုပြီ ဆော့ဝဲနှင့်အတူ keygen
ပါတပါးတည်း ထည့်သွင်းနိုင်စေရန်အတွက်လည်း keygen ရှာဖွေနေရမည့်သူများ အလုပ်များ
နေမှုမဖြစ်စေရန် ကျွန်တော်တင်ပေးလိုက်ပါတယ်.....ဆော့ဝဲနှင့်အတူ ကီးဖိုင်လေးကိုပါ
ဒေါင်းယူသိမ်းဆည်း သင်ကြားလေ့လာနိုင်ကြပါစေကြောင်းဆုတောင်းပေးလိုက်ပါတယ်
 

Printer Canon Pixma mp287 Or Mp280 Drivers

Printer Canon Pixma mp287 Or Mp280 Drivers
My Printer ver 2.9
MP280 series XPS Printer Driver
Solution Menu EX
MP Navigator EX
Windows Adobe RGB 1998 Installer Program
Easy-PhotoPrint EX
Easy-WebPrint EX

Hp Deskjet f370 Printer Drivers For Xp


HP Photosmart Software Suite and Drivers
HP Print and Scan Drivers
HP Print and Scan Doctor

Hp 430 Laptop Drivers Free Download For Windows 7

Audio : Realtek High-Definition (HD) Audio Driver
Audio : Realtek High-Definition (HD) Audio Driver Donwload
Audio : Realtek High-Definition (HD) Audio Driver Donwload
Chipset and Borad Driver.
a. Intel Chipset
b. MEI - Intel management Interface
c. Turbo boost
3. Graphic/VGA
choose base on your laptop specs, either intel or

AMD(ATI). For Intel graphic, install the chipset driver first.
Intel Graphic
AMD/ATI Radeon HD 6370M Radeon HD 7450M
Intel Rapid Storage.
This will install:
Intel(R) 5 Series 4 Port SATA AHCI Controller
Intel(R) Mobile Express

Chipset SATA AHCI ControllerIntel(R) ICH9M-E/M SATA AHCI Controller
SynapticTouchpad Driver
Download
Synaptic Touchpad Driver
Realtek Card Reader Driver
WEBCAM (Cyberlink Youcam)
HP Quicklaunch
NETWROK
Ralink Wireless
Realtek Wireless
Atheros Wireless
Bluetooth


Atheros Bluetooth
Realtek Motorolla Bluetooth
Ethernet/LAN
Realtek Local Area Network LAN

TuneUp Utilities 2013 Full Version Download

 
ကျွန်တော် သုံးရတာ အဆင်ပြေလို့ အားလုံးကိုမျှဝေလိုက်ပါတယ်
Fullversion လေးပါ
သွက်လက်သွားအောင် ဒီကောင်လေးဒေါင်းပီး သုံးကြည့်ပါဗျို့
တင်နည်းလေးက တော့ အင်စရောလုပ်ရင် ကီးတောင်းမယ် ကီးလေးခုထဲက တစ်ခုခု ထည့်ပေးပါ။
တင်ပီးရင် မRun သေးပဲ Keygen ကို ဆော့ဝဲလ် တင်ထားတဲ့ ဖိုလ်ဒါထဲ မှာထည့်ပေးထားလိုက်ပါ
အိုကေ ပါစေခင်ဗျာ......
 
အလင်းသစ်...

Wednesday, March 20, 2013

အမှတ်တရလက်ဆောင် (၂၀၁၃)


1 နောက်ကွယ်

download








2 ငါတစ်ယောက်ထဲ

download








3 မြို့အေသင်

download








4 ငါ့ရဲအမှား

download








5 နွေဦးစောင့်ချိန်

download








6 ဘယ်မှာလဲ

download








7 အစကတည်းက

download








8 ရည်းစားဦးဘဝ

download








9 နောင်တ

download








10 အဆုံးအစွန်

download








11 အမှားတစ်ခု

download








12 လွမ်းတက်ခဲ့ရင်

download







Summer 2 သင်္ကြန်သီချင်းများ


1 ဖက်ပစ်လိုက်နမ်းပစ်လိုက်

download








2 တွေ့ဖူးတယ်ကလေးလိုရှောက်မဖွနဲ့

download








3 သင်္ကြန်ညချမ်း

download








4 အချိန်တွေကုန်တာမြန်လွန်းတယ်

download








5 မပျော်နိုင်ဘူး

download








6 ပိတောက်မကြိုက်တော့ဘူး

download








အင်တာနက်နဲ့ ဆက်သွယ်ရန်လိုအပ်သည်များ

အင်တာနက်ကို အသုံးပြုဖို့ဆိုရင် သင့်မှာ ပစ္စည်းသုံးမျိုးတော့ လိုအပ်ပါတယ် ဘာတွေလည်းဆိုတာတော့ အောက်မှာ
ဆက်လက်မှတ်သားလေ့လာကြရအောင်ပါ။
  • ကွန်ပျူတာတစ်လုံး
  • Internet Services Provider (ISP) ကိုအသုံးပြုနိုင်တဲ့ account တစ်ခု
  • Modem
ဒီပစ္စည်းတစ်ခုချင်းစီကို ခပ်မြန်မြန် သုံးသပ်ကြည့်ကြပါစို့။ အင်တာနက်ကို ထိထိရောက်ရောက်အသုံးချနိုင်ဖို့ဆိုရင် သင့်
အနေနဲ့ PC တ်စလုံး ဒါမှမဟုတ် ကွန်ပျူတာ တစ်မျိုးမျိုးကို လိုအပ်ပါတယ်။ အခြေခံအားဖြင့် သင့်ရဲ့ TV နဲ့ဆက်သွယ်
ထားတဲ့ Little Box ခေါ် သေတ္တာငယ်လေးတစ်ခုဖြစ်သော Web TV လိုမျိုးကတဆင့် အချို့သော အင်တာနက် access
ကို ပေးနိုင်တဲ့ နှုန်းလောက်တော့ မကောင်းပါဘူး ။ကျွန်တော်တို့ရှေ့မှာတင်ထားတဲ့ ပို့စ်လေးတွေလိုပါပဲ ကျွန်တော့်
အနေနဲ့ သင့်မှာ PC တစ်လုံးရှိပြီ အဲဒါနဲ့ပတ်သက်ပြီ အသုံးပြုတဲ့ အနေတွေ့အကြုံ အချို့ကိုလည်း ရှိပြီ ဖြစ်မယ်လို့
ယူဆမိပါတယ်။
ဒုတိယတစ်ချက်အနေနဲ့ကတော့ Internet Sevices Provider (IPS) အတွက် account တစ်ခုသင်ရရှိထားမို့လည်း
လိုအပ်ပါလိမ့်မယ်။ ဒီနေရာမှာ IPS ဆိုတာက ကုမ္ပဏီတစ်ခု ဒါမှမဟုတ် business တစ်ခုကို

အင်တာနက်၏ services များ

အင်တာနက်ဟာဆိုရင် အလွန်ကြီးမားတဲ့ ကွန်ယက်ကြီးဖြစ်တာကြောင့် users တွေအတွက် အဓိကကျတဲ့ ၀န်ဆောင်မှုတွေ
(major services) အများကြီး ခွဲခြားထားပါတယ်....အဲဒီ sevices တွေအနက်က အချို့ကိုတော့ သင်ကြားလေ့လာ
ဆည်းဖူးပြီးသားဖြစ်မှာပါ။ services အားလုံးဆိုရင်တော့ သင့်အနေနဲ့ စိတ်ညစ်မို့ ဖြစ်သွားနိုင်လောက်ပါတယ်....ဒါကြောင့်
ကျွန်တော်တို့ Cleared Up လုပ်ကြည့်ကြည့်ကြပါစို့။ အင်တာနက် ဆောင်ရွက်ပေးတဲ့ အဓိက sevices တွေကတော့-
E-mail - အင်တာနက်ပေါ်မှာရှိတဲ့ ဘယ်သူဆီကမဆို e-mailကိုလက်ခံနိုင်တယ်။ပေးပို့နိုင်ပါတယ်။အဲဒီလို
messages တွေကို ဖိုင်တွေကိုလည်း attach (တွဲဖက်) လုပ်ထားနိုင်ပါတယ်။
World Wide Web - (a.k.a,the Web and www)သူ့ကို ဈေးဝယ်ခြင်း၊ တသင်းအချက်အလက်များရှာဖွေခြင်း၊ စာအုပ်
ပေးပို့ခြင်း၊ အသံတူစကားလုံးများစွာ ရှာဖွေခြင်း၊ လက်ရှိအခွန်ကိစ္စ စသောအညွှန်းကိန်းများနဲ့ အခြား
ကိစ္စရပ်ဆိုင်ရာများစွာကို အသုံးပြုပါတယ်။
Downloads - အင်တာနက်ကနေ တဆင့် သင့်ကို PC အတွင်း Free stuff(အခမပေးဆောင်ရသော လိုအပ်သည့်

အင်တာနက် ဆက်သွယ်ရေး အမြန်နှုန်း

အင်တာနက်နဲ့ ပတ်သက်ပြီ လူတွေရဲ့ အကြီးမားဆုံး မကျေနပ်ချက်ကတော့ နှေးကွေးလွန်တဲ့ ကိစ္စပါ။ http://www.whatever.com မှာရှိတဲ့ Web site ကို လူတွေ ကြည့်ကြတဲ့အခါ သူတို့ရဲ့ screen ပေါ်မှာ page မှာပေါ်လာတတ်ပါတယ်။ အကြောင်းအရာပါ အချက်အလက်(the fect of the matter)နဲ့ ပတ်သက်ရင် အင်တာနက်ဟာလုံးဝ မနှေးကွေးပါဘူး။တကယ်ဆိုရင် အတော်လေးကိုမြန်ဆန်ပါတယ်။ တကယ်လို့ တစ်စုံတစ်ခုဟာနှေးကွေးနေပြီဆိုရင်တော့ ဒါဟာ
သင်နဲ့ သင့်ရဲ့ internet sevice provider တို့အကြားမှာရှိနေတဲ့ ဆက်သွယ်ရေးမှာ တစ်ခုခု ချို့ယွင်းချက်ဖြစ်နေတာမျိုး ဖြစ်နိုင်ပါတယ်။ ကျွန်တော်ရှင်းပြချက်လေး တစ်ချက်လောက်ဆက်လက်ကြည့် ရှု့ပါဦး။

အခြေခံအားဖြင့် တင်တာနက်သည် ကွန်ပျူတာများအတွက် ဖိုင်များကို အခြားတစ်လုံးသို့ပေးပို့ရာတွင် မတူညီသော နည်းလမ်းများစွာဖြင့်ဆောင်ရွက်တတ်ပါတယ်။
ဖိုင်ဟုဆိုရာတွင် ထိုဖိုင်သည် e.mail massage တစ်ခုသော်လည်းကောင်း၊ Web page တစ်ခုသော်လည်းကောင်း ဖြစ်နိုင်ပါတယ်။ဘာပဲဖြစ်ဖြစ် ယင်းတို့မှာ file တစ်ခုသာ ဖြစ်ပါတယ်။ဖိုင်ပို၍ ကြီးမားလာသည်နှင့်အမျှ ယခင်းဖိုင်ကို ကွန်ပျူတာ တစ်လုံးမှ အခြားတစ်လုံးသို့ ပေးပို့ရာတွင် အချိန်ကြန့်ကြာတတ်ပါတယ်...
ယခုသင်ဖတ်နေသော ရေားသားထား စာ(written text) ကို အင်တာနက်ဖြင့် လျင်မြန်စွာ ပေးပို့နိုင်ပါတယ်။ဒါပေမယ့် multimedia ဖိုင်တွေက move
လုပ်ရာမျာ သိပ်မမြန်လှပါဘူး။multimedia ဖိုင်ဆိုရင် ဆိုလိုတာက text ထက် photograph တစ်ခု၊Video,sound,music သို့မဟုတ် ကျယ်ပြန့်တဲ့ ကွန်ပျူတာပရိုဂရမ်မှန်သမျှကို ဆိုလိုခြင်းဖြစ်ပါတယ်။

multimedia files တွေဟာ ကြီးမားများပြားလှပါတယ် ဒါကြောင့်အင်တာနက် ကိုဖြတ်ပြီ ပေးပို့တဲ့နေရာမှာ အချိန်ယူရပါတယ်။သင့်ရဲ့အင်တာနက်ကို connecton အမြန်နှုန်း (speed) ဟာ သင့် PC သို့ data

သက်ဆိုင်သူ


အဆင်မပြေမှုတွေနဲ့
တစ်ယောက်တည်းရုန်းကန်ရင်း
မင်းမရှိတော့တဲ့ ဒီနစ်ခြင်းမှာ
နာကျင်မှုကိုယ်စီနဲ့ရှေ့ဆက်ပေါ့.....။

တားဆီးမရတဲ့ ဒီစိတ်
မင်းကိုခိုးခိုးပြီးလွမ်းနေမိတာ
ငါ့ကိုယ်ငါ မုန်းနေမိပြီကွယ်
အမှတ်မရှိတဲ့ ဒီဒဏ်ရာ

Tuesday, March 12, 2013

hard drive တွေကို အလွယ်တကူမပျက်စီးစေဖို့ လုပ်ဆောင်သင့်တဲ့ အချက်(၁၀)ချက်

ခင်ဗျားတို့ ကွန်ပြူတာ သုံးနေရင်း တန်းလန်းနဲ့ ရုတ်တရပ်ကြီး hang သွားပြီး အပြာရောင် နောက်ခံနဲ့ 
“Fatal error: the system has become unstable or is busy,” it says. “Enter to return to Windows or press Control-Alt-Delete to restart your computer. If you do this you will lose any unsaved information in all open applications.
အဲဒီ စာသား မျိုးတွေပေါ်တာကို window သုံးတဲ့ သူတိုင်းတွေ့ ဖူးမှာ ပါ။

အခု အဲဒီ Blue Screen တက်လာရင် ဘာတွေကိုစစ်ဆေးရမယ် အဲဒါထက်အရေးကြီးတာက မဖြစ်အောင်ဘယ်လိုကာကွယ် ရမလဲ ဆိုတာ ပြန်ဝေမျှပါ့မယ်။

ဒီတော့ ကျွန်မလဲ လဲ ဟိုက နဲနဲ ဖတ် ဒီ က နဲနဲ ဖတ် လူများ စက်တွေလိုက်ကလိရာက နေ တွေ့ ရတာတွေကို ပြန်ရေးချတဲ့သဘောပါ။ ဆရာလုပ်တာမဟုတ်သလို ကျွန်မ က ဆရာမကြီးလဲ မဟုတ်ပါဘူး အခြေခံထက် နဲနဲ ပဲပိုသိတာပါ ဆိုတာ ၀န်ခံထားပါရစေ။

1. Hardware Confilct
အပြာရောင်စကရင် တက်ရခြင်း ရဲ့  နံပတ် တစ် အဓိက အကြောင်းရင်းခံကတော့ Hardware တွေကြောင့် အဖြစ်များပါတယ်။ ကွန်ပြူတာ မှာ တက်ထားတဲ့ Hardware တစ်ခု ချင်းစီတိုင်းက တခြား Hardware တွေနဲ့  IRQ(Interrupt Request Channel) ဆို တာနဲ့ ဆက်သွယ်ထားပါတယ်။ Hardware တခုစီတိုင်းအတွက် IRQ တစ်ခု ပုံသေ သတ်မှတ်ပေးထားပါတယ်။
ဥပမာ  ပရင်တာ က IRQ 7 အနေ နဲ့ ပုံသေ ရှိပြီး Keyboard ကတော့ IRQ 1 စသဖြင့်ပေါ့။
တကယ်လို ခင်ဗျား ရဲ့ ကွန်ပြူတာ မှာ တပ်ဆင်ထားတဲ့ Devices တွေ များနေခဲ့မယ် ဒါမှမဟုတ် အဲဒီ Devices တွေက Install ကျကျ နန မလုပ်ထားဘူး ဆိုရင် Devices တွေက IRQ တစ်ခု ထဲကို မျှပြီး သုံး တတ်ကြပါတယ်။ အဲဒီလို အခါမျိုး မှာ ခင်ဗျားကလဲ အဲဒီ Devices ခု လောက်ကို တစ်ပြိုင်ထဲ သုံးမိမယ်ဆိုရင် Interrupt request တွေ Crach ဖြစ်မှာ ဖြစ်ပါတယ်။

ကို ယ့်ကွန်ပြူတာ မှာ Hardware Conflict ရှိမရှိ စစ်ဆေးတဲ့နည်းက တော့

Start-Control Panel-System-Devicemanager ဒါမှမဟုတ် RUN box ထဲမှာ devmgmt.msc ရိုက်ပြီး  run ခိုင်းရင် Device manager ထဲကို ရောက်ပါမယ်။
အဲဒီ မှာ ပြဿနာရှိနေတဲ့ Device ဆိုရင် အ၀ါရောင် exclamation mark လေးနဲ့ ပြတတ်ပါတယ်။ အဲဒါမျိုးပေါ်နေရင်တော့  အဲဒီ Device နေရာကို right click နှိပ် ပြီး properties မှာ IRQ နံပတ်ကြည့် နိုင်ပါတယ်။ တကယ်လို့  IRQ နံပတ် က တခြား Devices တွေနဲ့ တူနေမယ်ဆိုရင်

အဲဒီမှာ ပြဿနာပါပဲ ။
အဲဒါကို ရှင်းတဲ့အကောင်းဆုံးနည်းက တော့ devices ကို uninstall လုပ်ပြီး install ပြန်လုပ်တာပါပဲ။
Devices ရဲ့ Driver ကို ရှာဖို့ က တော့ www.driverguide.com မှာ အဆင်ပြေမယ်လို့ ထင်ပါတယ်။
တကယ်လို့  ပြဿနာ ဖြစ်နေတဲ့ Device ဟာ Sound Card တို့ PCI Modem တို့ ဖြစ်ခဲ့မယ်ဆိုရင် တော့ motherboard ပေါ်မှာ တပ်ထားတဲ့ Slot ကိုပြောင်းပေး ခြင်းဖြင့်လဲ ဖြေရှင်းနိုင်ပါတယ်။ ဒါပေမဲ့ အဲဒါကတော့ warranty rules တွေနဲ့ ငြိ နိုင်တဲ့ အတွက် စဉ်းစားပြီးမှ လုပ်စေချင်ပါတယ်။

2 Bad RAM
RAM ( Random- Access Memory) တွေကလဲ Fatal Error (BSD) တက်စေနိုင်တဲ့ အကြောင်းအရင်းထဲမှာ ပါပါတယ်။

မမ်မိုရီ ကြောင့်ဖြစ်၇တဲ့အကြောင်းမှာ တော့ chips မတူ Frequency မတူ တဲ့ RAM ချောင်းကို တူတူ တွဲပြီး တတ်ဆင်ထားတာကြောင့် အဖြစ်များပါတယ်။ ဥပမာ 70ns ရှိတဲ့ RAm နဲ့  60ns ရှိတဲ့ RAM ကို တူတူ တွဲထားသလို ပေါ့။

3. BIOS setting
motherboard တိုင်းက သူ့ ရဲ့  chipset range ကို စက်ရုံမှာ ထဲက သတ်မှတ်ပြီးသားဖြစ်ပါတယ်။ ယေဘုယျ အားဖြင့် အဲဒီ ဆက်တင် ကို သွားကြည့် ချင်ရင် စက်စစ တက်ခြင်း မှာ F2 ဒါမှမဟုတ် Delete key နဲ့ ဝင်ကြည့်လို့ ၇ပါတယ် တစ်ချို့  laptop တွေ မှာတော့ F10 နဲ့ ဝင်ရတာတွေ့ ဖူးပါတယ်။

BIOS ထဲက ၀င်ပြီး ဆိုရင်တော့ သတိထား ဖို့ လို ပါမယ်။အဆင်ပြေကြပါစေ စာဖတ်သူမိတ်ဆွေများ.....

နောက်ဆုံး


တွေဝေမှုတွေနဲ့အဆုံးသတ်
နာကျင်မှုတွေနဲ့ ရပ်ကျန်
ဆွံ့အမှုတွေနဲ့ ကျောခိုင်း
မာနတရားကိုကိုင်ဆောင်ရင်း
နောက်ဆုံးတော့...နောက်ဆုံးတော့.....။


တိုက်ဆိုင်မှုရှိတိုင်း
တမ်းတမိနေတဲ့ ငါ့ရဲ့စိတ်ကို
မုန်းတီးတယ်...အရင်က
မင်းပေးခဲ့ဖူးတဲ့ နွေးထွေးမှုကို

ဆွံ့အမှု

 
အသိမဲ့ပြီး လေလှံနှစ်ဖက်
နှင်းနေသော သူ့လိုလူအတွက်
ပေးဆပ်နေရင်းနဲ့ ကျမဘာလို့
အဆုံးထိနစ်နေမိတာလဲ...။

ဟန်ဆောင်ခြင်းတွေနဲ့
မင်းရဲ့တုန့်ပြန်မှုတွေက
လူတကာ ဟားတိုက်နေသော
ပြဇာတ်တစ်ပုဒ်လိုပဲလား
မာယာနွံမှာ နောက်ဆုံးခန်းထိ

hard drive တွေကို အလွယ်တကူမပျက်စီးစေဖို့ လုပ်ဆောင်သင့်တဲ့ အချက်(၁၀)ချက်

Hardware တွေရဲ့  ဈေးနှုန်းက  ဒီဆယ်စုနှစ်ထဲမှာ အံ့သြဖွယ်ကောင်းလောက်အောင်ကို ပြိုကျလာခဲ့ပါတယ်။ ဒါပေမဲ့ လည်း လူတိုင်းက ကိုယ်စက်ထဲက hardware တွေကို ပျက်ခြင်းပျက်ပါစေလို့ဆိုပြီး ပစ်စလက်ခတ်ထားကြမှာတော့ မဟုတ် ကြပါဘူး။ အထူးသဖြင့် hard drive တွေကို ဒီလိုမျိုးမထားတတ်ကြပါဘူး။ အချက်အလက်ဟာ နည်းပညာလောကသားတွေ အတွက် အလွန်အရေးပါလှပါတယ်။ ဒီအချက်အလက်တွေ သိုလှောင်ရာဖြစ်တဲ့ hard drive တွေရဲ့  ကြံ့ခိုင်ရေးဟာ အလွန်ကို အရေးပါလှပါတယ်။ အောက်ဖော်ပြပါအချက် (၁၀)ချက်ကတော့ hard drive တွေကို အလွယ်တကူမပျက်စီးစေဖို့ လုပ်ဆောင်သင့်တဲ့ အချက်တွေဖြစ်ပါတယ်။
၁။ chkdsk ကို run ပေးပါ။
Hard drive တွေက မီးအားအတက်အကျကြောင့်ဖြစ်စေ အခြားသောအကြောင်းအမျိုးမျိုးကြောင့်ဖြစ်စေ အထဲမှာပါ တဲ့ သတ္တုပြားမှာ ပြဿနာတက်တာ၊  ဆော့ဖ်ဝဲပြဿနာဖြစ်တာ၊ partition table မှာ ပြဿနာဖြစ်တာ အစရှိတဲ့ ပြဿနာတွေ့ ကြုံရတတ်ပါတယ်။ ဒီပြဿနာတွေကို ပြေလည်စေဖို့အတွက် chkdsk ဆိုတဲ့ ပရိုဂရမ်လေးဟာ Windows မှာ အစကတည်း က လာထည့်ပေးထားပါတယ်။ ဒီပရိုဂရမ်လေးက ပြဿနာအတော်များများကို ပြေလည်အောင် ဖြေရှင်းပေးပါတယ်။
၂။ Hard drive ကို စောင့်ကြည့်ပေးနိုင်တဲ့ ပရိုဂရမ်သုံးပါ။
Hard drive ကို စောင့်ကြည့်လေ့လာပေးတဲ့ ပရိုဂရမ်တွေ များစွာရှိပါတယ်။ Acronis Drive Monitro ကတော့ အခမဲ့ ရတဲ့ tool တစ်ခုဖြစ်ပြီး သုံးစွဲရတာ အလွန်ကောင်းပါတယ်။ အပူချိန်နဲ့ hard drive ရဲ့  နေရာလွတ်တွေကို စောင့်ကြည့်ပေးနိုင် ပါတယ်။
၃။ Data ထားတဲ့နေရာနဲ့ OS တင်ထားတဲ့နေရာကို ခွဲထားပါ။
OS တင်ထားတဲ့နေရာနဲ့ data ထားတဲ့နေရာကို partition တွေ သီးခြားပိုင်းထားသင့်ပါတယ်။ အဲဒီလို တင်မထားတဲ့ အခါ OS ဆိုတာ ပျက်လွယ်တဲ့အတွက် data တွေကိုသီးခြား partition မပိုင်းပဲ OS ထားတဲ့ partition မှာထားမယ်ဆိုရင် ပျက်စီးဆုံးရှုံးမှုတွေရှိလာပါလိမ့်မယ်။
၎။ ကွန်ပျူတာသုံးနေတဲ့ ပတ်ဝန်းကျင်ကို သတိပြုပါ။
ကွန်ပျူတာကိုထားတဲ့နေရာက ဖုန်တွေထူတာ၊ ရေငွေ့တွေပေါများတာနဲ့ အပူချိန်သိပ်များတာအစရှိတဲ့ အကြောင်းအ ရာတွေကို သတိထားရှောင်သင့်ပါတယ်။ အဲဒီလိုဖြစ်တာတွေက ကွန်ပျူတာမှာ လျှပ်စစ်ပတ်လမ်းတို့တွေဖြစ်ပြီး hardware တွေကို ပျက်စီးနိုင်တဲ့ အခြေအနေတွေ ဖြစ်ပေါ်အောင် ဖိတ်ခေါ်နေသလိုပါပဲ။ ပြီးတော့ ကွန်ပျူတာကို အပူချိန်လျော့နိုင်သ လောက် လျော့အောင် ပန်ကာလေးတွေ ထားသုံးဖို့ လိုအပ်ပါတယ်။ Hard drive ကို ပန်ကာထည့်ပြီးသုံးတာက အပူချိန် လျော့နိုင်တဲ့အတွက် ပျက်စီးမှုကို ကာကွယ်နိုင်သလို hard drive ပူလာတဲ့အတွက် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို ကာကွယ် ပေးနိုင်ပါတယ်။
၅။ လျှပ်စစ်ဓာတ်အပိုတွေကွန်ပျူတာမှာ မစီးပါစေနဲ့
ကွန်ပျူတာကို မီတာနဲ့ ထောက်ပြီး တိုင်းတာတဲ့အခါ လျှပ်စစ်ဓာတ်အားတွေက ကွန်ပျူတာပုံးမှာ စီးနေတာတွေကို တွေ့ရတတ်ပါတယ်။ အဲဒီလို ဖြစ်တတ်တာက ကွန်ပျူတာကို ပျက်စီးစေဖို့ လွယ်ကူစေပါတယ်။ လျှပ်စစ်ဓာတ်အားရယူသုံးစွဲ တဲ့ ပလပ်ပေါက်တွေနဲ့ ကြိုးတွေကို ကောင်းမွန်အောင် လုပ်ထားဖို့ လိုအပ်သလို မြေစိုက်ကြိုးကိုလည်း ထည့်ပေးထားဖို့ လို အပ်ပါတယ်။
၆။ Drive ကို defragment ပုံမှန်လုပ်ပေးပါ။
Drive တွေကို သုံးစွဲတာကြာလာတဲ့အခါ ဖိုင်တွေရဲ့ အထားအသိုက ပြန့်ကျဲလာပါတယ်။ အဲ့ဒီလိုဖြစ်တဲ့အခါ ဖိုင်တွေ ကို နေရာချတာနဲ့ ရှာဖွေတာလုပ်တဲ့အချိန် ပိုကြာလာပါတယ်။ အဲဒီလိုဖြစ်လာတာကို ကာကွယ်ဖို့အတွက် drive ကို defrag-ment ပုံမှန်လုပ်သင့်ပါတယ်။
၇။ Solid state drive ကို ပိုသုံးပါ။
Hard drive တွေက solid state drive တွေထက် ပျက်စီးနိုင်မှုမှာ ပိုများပြားပါတယ်။ ဈေးကြီးပေးမယ့် solid state drive တွေက hard drive တွေထက် ပျက်စီးနိုင်မှုမှာ လျော့နည်းတာကြောင့် ပိုမိုရွေးချယ်သင့်ပါတယ်။
၈။ Power save နည်းပညာကို သုံးပါ။
Hard drive တွေကို အလုပ်မလုပ်စေပဲ အချိန်ကြာကြာ ဖွင့်လှစ်ထားတာထက် ဘယ်အချိန်လောက်အထိ ဆက် တိုက်မသုံးစွဲဘူးဆိုခဲ့လျှင် hard drive ကို ပိတ်ထားတာတို့ sleep mode ကို သုံးတာတို့ လုပ်ထားသင့်ပါတယ်။ ဒီလိုလုပ်မှ hard drive သက်တမ်းပိုကြာပါလိမ့်မယ်။
၉။ ၀က်အူတွေနဲ့ မလှုပ်အောင် ကြပ်ထားပါ။
Hard drive ကို အချို့  က စကူနှစ်လုံးပဲ ဖမ်းထားတာ၊ ချောင်နေတဲ့ စကူတွေထည့်သုံးတာတို့က hard drive ကို အခန့်မသင့်ရင် လှုပ်တာဖြစ်နိုင်ပါတယ်။ ဒီလိုမျိုးဖြစ်ပေါ်လာခဲ့ရင် hard drive ကို သုံးမရအောင် ပျက်စီးသွားစေပါလိမ့်မယ်။
၁၀။ Back up ပုံမှန်လုပ်ပါ။
ပစ္စည်းတွေမှာ မပျက်တဲ့ပစ္စည်းမရှိပါဘူး။ အချိန်ကြာမှ ပျက်တာနဲ့ စောစောပျက်တာပဲ ကွာပါတယ်။ ဒါကြောင့် အချက်အလက်တွေကို ပုံမှန် Backup လုပ်ထားသင့်ပါတယ်။

အင်တာနက်ဆိုတာ ဘာလဲ….


         အတိုချုပ်ပြောရရင်တော့ အင်တာနက်ဆိုတာဟာ သန်းပေါင်းများစွာသော ကွန်ပျူတာတွေကိုတစ်လုံးနဲ့
တစ်လုံးဆက်ပေးထားတဲ့ ကမ္ဘာကြီးတစ်ခုလုံးကို ပတ်ပြီ အလုပ်လုပ်ပေးနေသော Cable ကြိုးတစ်ထွေးကြီး
ပဲဆိုပါတော့။ နည်းပညာအရ ပြောရရင် ဒါကို Wid Area Network (ကျယ်ပြန့်တဲ့ဒေသကြီးကို ဖြန့်ကျက်
ထားတဲ့ ကွန်ယက်)သို့မဟုတ် WAN လို့ခေါ်ပါတယ်။ net (အင်တာနက်ကိုအတိုကောက်ခေါ်ခြင်းဖြစ်ပါသည်။)
ဆိုလိုတာက သင်ဟာ taxpayer (အခွန်အခပေးသူ) တစ်ယောက်ဖြစ်ခဲ့ရင် အင်တာနက်ရဲ့ အစိတ်အပိုင်းကို
ပိုင်ဆိုင်ပြီးသား ဖြစ်နေပါလိမ့်မယ်။တကယ်လို့သင်ဟာ တယ်လီဖုန်းလိုင်းကနေတဆင့် အင်တာနက်နဲ့
ဆက်သွယ်ထားခဲ့မယ်ဆိုရင်တောင် အဲဒီအင်တာနက်ဟာ သာမန် တယ်လီဖုန်းစနစ်နဲ့ လုံးဝသီးခြားဖြစ်
နေတာကို တွေ့ရပါလိမ့်မယ်။ တယ်လီဖုန်း ကုမ္ပဏီတွေမှာရှိတဲ့ “Long distance” charges ခေါ်
အဝေးပြောခပေးရတာမျိုးတွေရှိမှာ မဟုတ်ပါဘူး။ သင့်အနေနဲ့ e-mail ကို အိမ်နီးခြင်းကိုပို့တာပဲ ဖြစ်ဖြစ် ၊
ကမ္ဘာတစ်ဝက်ခရီးကို ပို့တာပဲဖြစ်ဖြစ် cost ကတော့အတူတူပါပဲ။ဆိုပါတော့ သုညဒေါ်လာ၊သုညအဆင့်၊
ဒီလိုဆိုလိုက်လို့အင်တာနက်ကို လုံးဝအခမဲ့ အသုံးပြုနိုင်တယ်လို့ ဆိုတာမျိုး မဟုတ်ပါဘူး။
သင့်အနေနဲ့ အင်တာနက်နဲ့ ဆက်သွယ်နိုင်ဖို့အတွက် Internet Sevice Provider fee ( အဖိုးအခ )
ကို သင်ပေးရမှာဖြစ်ပါတယ်။ ဒါတွေကိုသိနိုင်ဖို့အတွက်တော့ ISP ကဏ္ဍ မှာ cost အပါအ၀င် အချက်အလက်
တွေကို အသေးစိတ်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
အင်တာနက်ကို commercial services ပေးသော America Online, MSN, Conpu sever နှင့်

Prodigy ကဲ့သို့သော ကုမ္ပဏီများ နှင့် ယှဉ်တွ္ပဲ၍ ရှုပ်တွေမပစ်သင့်ပါဘူး။ ထိုကုမ္ပဏီများမှာ ပုဂ္ဂလိကများ

ဖြစ်ပြီး သူတို့ဆောင်ရွက်ပေးသော အကြောင်းအရာ (content) များနှင့် ဆောင်ရွက်ပေးသော သူတို့

(editorial control ) အစိတ်အပိုင်းများ ရှိပါတယ်။ ယင်းတို့သည် သူတို့ customers များအတွက်
မည်သည့်အကြောင့်အရာကသင့်လျှော်သည် ၊ မည်သည့်အကြောင်းအရာများဟာ မသင့်လျော်ဘူးဆိုတဲ့
စသည်ဖြင့်ဆုံးဖြတ်လေ့ ရှိပါသည်။ဆက်လျှက်ပြီသော် နောက်ပိုင်း အကြောင်းအရာများကိုလည်း
အချိန်ရသလိုပြန်လည်ထုတ်နှုတ် မျှဝေပေးသွားမှာဖြစ်ပါတယ်….မျှဝေမှုလေးအား လေ့လာမှတ်သားပြီ
ဗဟုသုတများနှင့် ပြည့်စုံကြသော စာချစ်သူ မိတ်ဆွေများ ဖြစ်ကြပါစေရန် ဆုတောင်းပေးလိုက်ပါတယ်…….

သူ့ရဲ့အဝေးမှာ



အမှားတွေ အထပ်ထပ်
ပြုမိနေရင်းနဲ့ ကျမသူ
နောက်ကွယ်မှာ နာကျင်နေမိတယ်
မှောင်မိုက်သော အခန်းကျဉ်းလေးထဲမှာ
တိုးတိုးလေးနဲ့ သူ့ကိုတောင်းပန်းနေဆဲပေါ့....။


ရှိပါစေလေ အချိန်တွေက
သူကိုနေသားကျအောင်
သင်ယူပေးနေရင်း တစ်နေ့ဆိုတဲ့

Sunday, February 10, 2013

ကျမရဲ့နားလည်မှု

မဖြစ်နိုင်မှန်း သိကာရက်နဲ့
တိုးတိတ်မှုတွေနဲ့ တမ်းတကာ
မျှော်နေမိတယ်သူ့ကို....။

နေနိုင်သူတွက် ရှောင်ကာပုန်းနေလည်း
ခံယူမှုတွေ ထွေးပိုက်ထားပြီး
တန်ပြန်တက်ရောက်မှုလေး
ထပ်တူကျနေမိသော...ကျမတို့ရဲ့စိတ်
ဒါပေမဲ့ ဆွံ့အမှုကိုယ်စီနဲ့
အဆုံးသတ်နေမိတယ်....။

သာယာမှုတွေနဲ့ အဆင်ပြေပါစေကြောင်း
တောင်းဆုတွေခြွေနေရင်း
ရင်းနှီးခဲ့ဖူးသော နစ်ခြင်းတစ်ခု
အမှားရယ်လို့ မသတ်မှတ်ပဲ
သူပျော်ရာ ခြေဆန့်သွားနိုင်ပါတယ်လို့
ကျမ နားလည်မှုတွေနဲ့
အပြုံးတွေ ရပ်ကျန်နေရင်း
သူရဲ့ကျောပြင်ကို ငေးကြည့်နေဆဲပေါ့.....။


nang mwe kham
19.1.2013 5:30Pm

ကျွန်မရဲ့ အလင်းပြကြယ်လေး

အဆင်မပြေမှုတွေနဲ့
တစ်ယောက်အပေါ်တစ်ယောက်
နှုတ်ပိတ်ကာ နာကျင်စွာငေး
တို့နှစ်ယောက်
ဘယ်လောက်ထိဝေးမှ
လည်ပြန်လှည့်ကြည့်ကြမှာလဲ.....။

ရှိနေပါတယ် သူဘေးမှာ
နာကျင်မှုတွေနဲ့ မှားသွားသော
ခြေလှမ်းများ တိုးတိုးလေးနဲ့
တောင်းပန်နေမိတယ်
တိုးတိုးလေးနဲ့ပေးဆပ်နေမိတယ်.....။

ထာဝရဆိုတဲ့ ဆောင်ပုဒ်
တို့နှစ်ယောက်အတွက်
အပေါ်ယံ ဟန်ဆောင်ခြင်းမှမဟုတ်ခဲ့တာ
ဘယ်လိုပဲရင်ဆိုင်ရပါစေ
ကျွန်မ သူအတွက်နဲ့
ထာဝရတည်ရှိနေမှာပါ
ကျွန်မရဲ့ အလင်းပြကြယ်လေး
လေးနက်မှုတွေနဲ့
တကယ်နစ်နေမိကြောင်း
ဘယ်နေရာရောက်ရောက် သိနေပေးပါလို့
ကျွန်မတောင်းဆုတွေခြွေနေရင်းနဲ့
သူကိုအပြုံးလေးနဲ့ ကြည့်နေအုန်းမှာပါ.....။


nang mwe kham
21.12.2012 1:00Pm

ကျမရဲ့ဘဝ

နာကျင်မှုတွေနဲ့
မနက်ခင်းကိုနိုးထလာတယ်
တမ်းတမှုတွေနဲ့
မနေ့က အဖြစ်ပြတ်လေးကို
နှလုံးအိမ်မှာ ခုထိနွေးထွေးစွာ
နာကျင်နေဆဲပါ.....။

အချစ်ခေါ်ဆောင်ရာနောက်
အရူးတစ်ယောက်လို
လိုက်ကာလျှောက်လှမ်းရင်း
ဘ၀ဆိုတဲ့ လမ်းတစ်ကွေ့မှာ
ချစ်ရက်နဲ့ မာနတရားကို
ခင်တွယ်ပြီး နာကျင်မှုကိုယ်စီနဲ့
တို့နှစ်ယောက် လမ်းခွဲ ရအောင်တဲ့.......။

ဟန်ဆောင်မှုတွေနဲ့အတူ
မာယာလိုအဆိပ်ပြင်းသော
နံရံ ရဲ့ စည်း တစ်ဘက်မှာ
ကျမ တိတ်ဆိတ်စွာနာကျင်ကြေကွဲရင်း
မင်းမရှိတော့တဲ့ ဒီနစ်ခြင်းမှာ
ကျမ ဘ၀ဆိုတဲ့ အချစ် ပင်လယ်ကို
နိဂုံး ချူပ်ခွင့်ပြုပါ.......။


nang mwe kham
28.1.2012 1:00Pm