-->

Wednesday, March 20, 2013

အင်တာနက် ဆက်သွယ်ရေး အမြန်နှုန်း

အင်တာနက်နဲ့ ပတ်သက်ပြီ လူတွေရဲ့ အကြီးမားဆုံး မကျေနပ်ချက်ကတော့ နှေးကွေးလွန်တဲ့ ကိစ္စပါ။ http://www.whatever.com မှာရှိတဲ့ Web site ကို လူတွေ ကြည့်ကြတဲ့အခါ သူတို့ရဲ့ screen ပေါ်မှာ page မှာပေါ်လာတတ်ပါတယ်။ အကြောင်းအရာပါ အချက်အလက်(the fect of the matter)နဲ့ ပတ်သက်ရင် အင်တာနက်ဟာလုံးဝ မနှေးကွေးပါဘူး။တကယ်ဆိုရင် အတော်လေးကိုမြန်ဆန်ပါတယ်။ တကယ်လို့ တစ်စုံတစ်ခုဟာနှေးကွေးနေပြီဆိုရင်တော့ ဒါဟာ
သင်နဲ့ သင့်ရဲ့ internet sevice provider တို့အကြားမှာရှိနေတဲ့ ဆက်သွယ်ရေးမှာ တစ်ခုခု ချို့ယွင်းချက်ဖြစ်နေတာမျိုး ဖြစ်နိုင်ပါတယ်။ ကျွန်တော်ရှင်းပြချက်လေး တစ်ချက်လောက်ဆက်လက်ကြည့် ရှု့ပါဦး။

အခြေခံအားဖြင့် တင်တာနက်သည် ကွန်ပျူတာများအတွက် ဖိုင်များကို အခြားတစ်လုံးသို့ပေးပို့ရာတွင် မတူညီသော နည်းလမ်းများစွာဖြင့်ဆောင်ရွက်တတ်ပါတယ်။
ဖိုင်ဟုဆိုရာတွင် ထိုဖိုင်သည် e.mail massage တစ်ခုသော်လည်းကောင်း၊ Web page တစ်ခုသော်လည်းကောင်း ဖြစ်နိုင်ပါတယ်။ဘာပဲဖြစ်ဖြစ် ယင်းတို့မှာ file တစ်ခုသာ ဖြစ်ပါတယ်။ဖိုင်ပို၍ ကြီးမားလာသည်နှင့်အမျှ ယခင်းဖိုင်ကို ကွန်ပျူတာ တစ်လုံးမှ အခြားတစ်လုံးသို့ ပေးပို့ရာတွင် အချိန်ကြန့်ကြာတတ်ပါတယ်...
ယခုသင်ဖတ်နေသော ရေားသားထား စာ(written text) ကို အင်တာနက်ဖြင့် လျင်မြန်စွာ ပေးပို့နိုင်ပါတယ်။ဒါပေမယ့် multimedia ဖိုင်တွေက move
လုပ်ရာမျာ သိပ်မမြန်လှပါဘူး။multimedia ဖိုင်ဆိုရင် ဆိုလိုတာက text ထက် photograph တစ်ခု၊Video,sound,music သို့မဟုတ် ကျယ်ပြန့်တဲ့ ကွန်ပျူတာပရိုဂရမ်မှန်သမျှကို ဆိုလိုခြင်းဖြစ်ပါတယ်။

multimedia files တွေဟာ ကြီးမားများပြားလှပါတယ် ဒါကြောင့်အင်တာနက် ကိုဖြတ်ပြီ ပေးပို့တဲ့နေရာမှာ အချိန်ယူရပါတယ်။သင့်ရဲ့အင်တာနက်ကို connecton အမြန်နှုန်း (speed) ဟာ သင့် PC သို့ data
ကိုဘယ်လောက်မြန်မြန် ပေးပို့နိုင်သလဲဆိုတဲ့ အတိုင်းအတာ (measure)ပါပဲ။ ဒါ့အပြင် အင်တာနက်ကနေသင်တောင်း
ခံထားတဲ့ item တစ်ခုချင်းစီကို သင့် screen ပေါ်မှာ ပေါ်လာအောင် စောင့်ရတဲ့ ကြာချိန်ကိုလည်းဆိုလိုပါသေးတယ်။ အခုအခါ ပိုရှင်းသွားအောင် ဥပမာလေး တစ်ခု
လောက်ကို ကြည့်ကြပါစို့၊ ဆိုပါတော့ သင်ဟာ အင်တာနက်မှာရှိတဲ့ ဗီဒီယိုဇာတ်လမ်းတစ်ပုဒ်ကို ကြည့်ချင်နေတယ်ပေါ့။အဲဒီ ဗီဒီယိုဟာ သင်နဲ့ မိုင်ထောင်ချီဝေးတဲ့ အရပ်က ကွန်ပျုတာတစ်လုံးမှာ ရှိနေတာမျိုးနဲ့တူညီပါတယ်။ ဒါပေမယ့်လည်း သင်က အဲဒီဗီဒီယိုကို ကြည့်ဖို့ reequest လုပ်တဲ့အခါ အင်တာနက်ရဲ့ High-speed cabiling က တိုင်းပြည်တွေကို ဖြတ်ပြီ သင့်ရဲ့ ISP ထံကို စက္ကန့်ပိုင်းအတွင်း ဗီဒီယို တစ်ပုဒ်လုံးကိုပေးပို့နိုင်ပါတယ်။ဘာကြောင့်ဒီလို ဆောင်ရွက်နိုင်ရသလဲဆိုတော့ အင်တာနက် ကြောရီုး (ပင်မကောဘယ်ကြိုး)[internet backbone(main cable)] ကိုဖိုင်အငယ်များ(small ones)လိုပဲ ကြီးမားတဲ့ ဖိုင် (large files) များကိုထိန်းချုပ်ောဆင်ရွက်နိုင်အောင် (tohandle)တည်ဆောက်(designed)ထားလို့ပါပဲ။

အဲဒီ ဗီဒီယိုကို သင့်ရဲ့ ISP's computer ကလက်ခံရရှိထားပြီးပြီ ဆိုရင် သူက သင့်ရဲ့ ကွန်ပျုတာဆီကို ရောက်အောင် ခရီးဆက်ရပါလိမ့်မယ်။အဲဒီခရီးအတွက် အချိန်ဘယ်လောက်ကြာရမလဲ ဒါမှမဟုတ် အချိန်ဘယ်လောက် ပေးရမလဲဆိုတာကို သင်ရဲ့ PC နဲ့ သင့်ရဲ့ ISP တို့အကြားရှိ connection က အဆုံးအဖြတ်/ပြဌါန်း (determines)ပါတယ်။တကယ်လို့ သင်နဲ့သင့်ရဲ့ ISP အကြားရှိ connection ဟာနှေးကွေးနေပါက လိုချင်တဲ့ ဗီဒီယိုဖိုင် အတွက် ခရီးစဉ်ရဲ့နောက်ဆုံးခြေလှမ်း
ရောက်အောင်(to make that final leg of its journey) မိနစ်အတန်ကြာအောင် အချိန်ပေးရကောင်း ပေးရပါလိမ့်မယ်ေ(ဆိုလိုတာက စက္ကန့်ပိုင်းအတွက်
ရောက်မလာနိုင်လို့ ဆိုလိုတာပါပဲ) နောက်တစ်နည်း ပြောရရင် သင့် PC နဲ့ ISP တို့အကြားရှိ connection ဟာ သိပ်မြန်တယ် (a fast one)ဆိုရင်စောင့်တဲ့အချိန်
သိပ်နည်းသွားပါလိမ့်မယ်။အင်တာနက် ဆက်သွယ်ရေးနှင့် ပတ်သက်သောအမြန်နှုန်း (speed) ကို kilobits per second နှုန်း (အတိုကောက်မှာ kbs သို့မဟုတ် K) ဖြင့် တိုင်းတာလေ့ရှိပါတယ်။ ၁ kilobit ဟာ 1,000bit ခန့်ရှိပါတယ်။ တကယ့် fast device speeds (မြန်ဆန်သော ကိရိယာ၏ အမြန်နှုန်း) ကို megabits per second (mbs) နှုန်းနဲ့ဖော်ပြလေ့ ရှိပါတယ် one megabit ဟာ bit တစ်သန်းခန့် ရှိပါတယ်။ 1 byte မှာ eight bits ရှိပါတယ်။ letter "a"သို့မဟုတ် letter "c" ကဲ့သို့ အက္ခရာတစ်လုံး (a character)ကို ဖန်တီးဖို့ ဆိုရင် one byte ကို သုံးရပါတယ်။ color photograph တစ်ခုကို ပုံဖော်ဖို့ဆိုရင် bit ထောင်ချီပြီး ဒါမှမဟုတ် သန်းနဲ့ချီပြီ အသုံးပြုရပါတယ်။ဒါပေမယ့် သင့်တို့မှတ်သားထားရမှာက ပိုအရည်အသွေးကောင်းတဲ့ "k"သို့မဟုတ် "m"ပါဝင်တဲ့ အလွန်မြန်ဆန်တဲ့ device တွေလို နေတယ်ဆိုတာကိုပါပဲ။ ဥပမာဆိုပါတော့ 28k modem မြန်တာထက် 56k modem ကနှစ်ဆပိုမြန်ပါတယ်။

မှတ်ချက်။ ။ cable တစ်ကြိုးမှာ ပါဝင်တဲ့ပစ္စည်းတွေ ဒါမှမဟုတ် wire ဟာဘယ်လောက် move လုပ်နိုင်သလဲဆိုတာမျိုးအတွက် ယေဘုယျ ဝေါဟာရတစ်ခုကတော့ bandwidth ပါပဲ။high-bandwidth wire တစ်ခု (bandwidth နိမ့်သော ကြေးနီတယ်လီဖုန်း ၀ိုင်ယာကြိုး) ထက် သတင်းအချက်အလက်များစွာ (more information ) ကိုမြန်ဆန်စွာ သယ်ဆောင်သွားနိုင်ပါတယ်။ (အချုပ် မှတ်သားလိုပါက bandwidth များလေ မြင့်လေ ကောင်းလေဟု မှတ်သားထားပေးပါ။)

No comments:

Post a Comment