-->

Wednesday, March 20, 2013

သက်ဆိုင်သူ


အဆင်မပြေမှုတွေနဲ့
တစ်ယောက်တည်းရုန်းကန်ရင်း
မင်းမရှိတော့တဲ့ ဒီနစ်ခြင်းမှာ
နာကျင်မှုကိုယ်စီနဲ့ရှေ့ဆက်ပေါ့.....။

တားဆီးမရတဲ့ ဒီစိတ်
မင်းကိုခိုးခိုးပြီးလွမ်းနေမိတာ
ငါ့ကိုယ်ငါ မုန်းနေမိပြီကွယ်
အမှတ်မရှိတဲ့ ဒီဒဏ်ရာ

ဘာကြောင့်များ မင်းချန်ထားရစ်ခဲ့တာလဲ....။
အရင်ကမင်းပေးဖူးတဲ့နွေးထွေးမှုတွေ
ငါ့ရဲ့မသိစိတ်က ပြန်လည်တမ်းတနေမိတယ်
ဖြစ်တည်မှုတိုင်းအတွက် ငါအားတင်းထားနေရင်း
နာကျင်ဝမ်းနည်မှုတွေကြား
ကျကျလာတဲ့ ဒီမျက်ရည်
သက်ဆိုင်သူ မင်းမသိပါစေနဲ့ကွယ်
..........
.........
........
.......
......
.....
....
...
..
.
နစ်ခြင်းတွေနဲ့အတူမင်းရဲ့အပြုံးကို
အဝေးတစ်နေရာကနေ
ဆက်ပြီးငေးကြည့်နေအုံးမှာပါ.......။


nang mwe kham
2:30Pm 19.3.2012

No comments:

Post a Comment