-->

Thursday, December 20, 2012

ဇရပ်

 
















နာကျင်မှု ကိုယ်စီနဲ့
တိတ်ဆိတ်ကာ ကုစားနေရင်း
ရင်းလိုက်ရတဲ့ ဒီနှလုံးသားတစ်စုံ
မဆုံခင်မှာ ဒဏ်ရာတွေ ဗရပွနဲ့
ဘာဖြစ်ဖြစ်...
အားတင်းပြီး ရှိနေတတ်ဆဲပါ.....။

နှုတ်ပိတ်ကာ ဟိုအဝေးကိုငေး
ရေးလိုက်ရတဲ့ ကဗျာတွေ
နာကျင်ဝမ်းနည်းမှုတွေ
ပြည့်နေသော စလုံးတွေများ
ခါးသက်ခြင်းများ ဖိတ်ခေါ်ကာမထားလည်း

Tuesday, December 18, 2012

လမ်းခွဲခြင်း

 














မဖြစ်နိုင်တဲ့ အချစ်တစ်ခုမှာ
ပိုချစ်မိသူက ပိုခံစားရတဲ့အဖြစ်
နာကျင်ကြေကွဲခြင်းတွေနဲ့အတူ
ဘ၀ဆိုတာပြန်ထလို့မရနိုင်အောင်
ကျရုံးမိသူက ကျွန်မပေါ့....။

မင်းရွေးချယ်တဲ့လမ်း
ငါတာတားပိုင်ခွင့်ရှိခဲ့ရင်
ဒူးထောက်ကာအရုံးပေးပြီး
မင်းရှေ့မောက်မှာ ခယမှုတွေနဲ့အတူ
တောင်းပန်မိမှာပါ.....။


ဝေဒနာမီး

မထင်မှတ်တဲ့ အမှားတွက်
ှနှလုံးအိမ်မှာ ဒဏ်ရာတွေဆူးနစ်ပြီး
နာကျင်ကြေကွဲမှုတွေ
 











ဗရပွနဲ့ နုတ်ခြင်းကို
စတင်မိတ်ဖွဲ့ခွင့်ရခဲ့တယ်...။

နစ်ခဲ့ဖူးပါတယ် အဆုံးထိ
ရှိခဲ့ဖူးပါတယ် သံယောဇဉ်တွေ
ဖြတ်တောက်ဖို့ခက်တဲ့
သူနဲ့ကျွန်မကြားက ခြားနားမှု
ဒါပေမဲ့..ခုတော့
သ၀န်တိုမှုနဲ့ ဝေဒနာမီးကို
စမွေးမိသူကကျွန်မပေါ့...။

နာကျင်မှုနဲ့ ပါးပြင်ထက်က
စီးကျလာတဲ့ ဒီမျက်ရည်
ဟန်ဆောင်မှုကိုပွေ့ဖက်ပြီး

ငေးနေခွင့်လေး

 








နစ်ခဲ့မိပါတယ် အဆုံးထိ
ရှိခဲ့ဖူးပါတယ် မေ့မရတဲ့
အမှတ်တရတွေအားလုံး
ရုန်းထွက်ဖို့ကြိုးစားခဲ့ဖူးတယ်
ဒီနစ်ခြင်းတရားကို ဒါပေမဲ့
အောင်မြင်မှုမရှိတော့
တိုးတိုးလေးနဲ့ သူရှိရာကို
အလွမ်းပြေခဏတော့
လာရောက်ငေးသွားမိတယ်.....။

မျှော်လင့်ခဲ့ဖူးတယ်
သူနဲ့အတူဆုံတွေ့ဖို့
စောင့်စားခဲ့ဖူးတယ်
သူနဲ့တညလုံးစကားပြောဖို့
တမ်းတခဲ့ဖူးတယ်
သူပေးမဲ့ အနမ်းလေးကိုခံယူဖို့
ဒါပေမဲ့...နာကျင်မှုနဲ့အတူ

Wednesday, December 12, 2012

Data တွေကို Caculator ထဲမှာ ထည့်သွင်းပြီး သိမ်းထားနိုင်တဲ့ နည်းလမ်း


အခု ကျွန်တော် ဖော်ပြမယ့် အကြောင်းအရာကတော့ မိမိကွန်ပျူတာမှာ တစ်ခြားသူတစ်ယောက် မမြင်စေလိုတဲ့ Data တွေကို Caculator ထဲမှာ ထည့်သွင်းပြီး သိမ်းထားနိုင်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်….Calculator ကတော့ Windows မှာပါရှိပြီသား Calculator မဟုတ်ပါဘူး…. Data တွေကို သီးခြားသိမ်းထားနိုင်အောင် စီမံထားတဲ့ အထူး Calculator ပဲဖြစ်ပါတယ်…..ဂဏာန်းပေါင်းစက်လိုလည်း အသုံးပြုနိုင်သလို Data တွေကို ဖွက်ထားဖို့ အတွက်လည်း အသုံးပြုနိုင်ပါတယ်……အထူးစီမံထားတဲ့ Calculator ကိုတော့ ဒီနေရာလေးကနေဒေါင်းယူနိုင်ပါတယ်…ဒေါင်းယူပြီး သွားပြီဆိုရင်တော့ အသုံးပြုနည်း အသေးစိတ်ကို တစ်ဆင့်ခြင်း ဖော်ပြပါ့မယ်……
၁။ Zip ဖိုင်ကို ဖြည်လိုက်ရင် Calc ဆိုတဲ့ Exe File ကို မြင်ရပါလိမ့်မယ်…ထို Calc ဆိုတဲ့ Exe ကို Double Click ပေးပြီး ဖွင့်လိုက်ပါ….ဖွင့်လိုက်တာနဲ့ အောက်ပါ ပုံအတိုင်း ရိုးရိုး Calculator ပုံစံအတိုင်း မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်……

၂။ ဒုတိယ အဆင့်အနေနဲ့ PIN Code အနေနဲ့ ရိုက်ထည့်ဖို့ အတွက် 123 ဆိုတာကို အစဉ်လိုက် နှိပ်ပြီး MS ဆိုတာကို နှိပ်ပါ့မယ်….

၃။ တတိယ အဆင့်အနေနဲ့ Software ရဲ့ PIN Code ကိုရိုက်ထည့်ပြီးပြီ ဆိုတာနဲ့ အောက်ပါ ပုံအတိုင်း မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်…......

၎။ Safe mode ဆိုတာ ပေါ်လာတာနဲ့ Data တွေကို Store လုပ်ဖို့အတွက် ပြင်ဆင်ပါ့မယ်….Data တွေကို ပေါင်းထည့်ဖို့ အတွက် + (အပေါင်း) လက္ခဏာ ကို နှိပ်ပါ့မယ်……. အပေါင်း (+) ကို နှိပ်ပြီးတာနဲ့ STORAGE, ‘=’ to confirm ဆိုတာကို မြင်ရပါလိမ့်မယ်……

၅။ Confirm လုပ်ဖို့အတွက် ညီမျှခြင်း (=) လက္ခဏာ ကို ဆက်နှိပ်ပါ့မယ်…. ညီမျှခြင်း (=)

ဂီတာအိုလေးရဲ့ ဘဝ

တေးသီချင်းများနဲ့ ငါဘဝ

တီးနေကြ ဂီတာအိုလေးတစ်လုံးရယ်

ထွေးပိုက်ထားစရာ သံစဉ်လေး

ခင်တွယ်စရာ အွန်လိုင်းကမ္ဘာ

ငါ့ဘ၀လေး ကြိုးပျက်နေသော

ဂီတာအိုလေး တစ်လုံးပါချစ်သူ

မင်းရဲ့အချစ်လေးတစ်ခုနဲ့

ငါ့အနား မင်းအတွက်ခပ်ဖွဖွ

ညင်သာသော အနမ်းလေးလည်း

မင်းလေးတစ်ယောက်တည်းအတွက်ပါ

ခိုနားခွင့်မရှိခဲ့သော......။

 









အဝေးရောက်နေသော
မင်းခြေလှမ်းတွေ
ငါဘာကြောင့်
ငေးကြည့်နေမိတာလဲ....။


တစ်နေ့ဆိုတဲ့မျှော်လင့်ချက်လေးက့
ငါ့အတွက် ရိုးမသွားနိုင်သော
ပုံပြင်ဟောင်းလေးတစ်ပုဒ်ဖြစ်နေလို့လား...။


ရှိပါစေတော့လေ သွားလေသူ
ကူရာမဲ့ မင်းနှလုံးသားမှာ
ငါတစ်ယောက်တည်းပိုင်တာမှမဟုတ်ခဲ့တာ

ကျွန်မရဲ့ဘ၀လေး

မြတ်နိုးမှုတွေနဲ့အတူ
မနက်ခင်းလေးကိုနိုးထလာတယ်
ပျော်ရွင်ကြည်နူးသောစိတ်လေးနဲ့
(၁၂)ရက်နေ့ကိုမြတ်နိုးနေဆဲပေါ့...။


တစ်နှစ်ပတ်လုံးမှာ (၁၂)ရာသီတွေ
အလီလီပြောင်းလို့ ထပ်တူကျနေသော
ဒီရင်ခုန်သံတွေနဲ့
ပျော်ရွင်မှုနဲ့ငိုကြွေခြင်း
ဖြစ်သမျှအရာတိုင်းကို
အေးအတူပူအမျှ ခုထက်ထိတိုင်
တွဲလက်တွေမြဲနေမိတာ သူနဲ့ကျွန်မပေါ့...။


(၂၀၁၂)..ခုနှစ်တဲ့ တွဲလက်တွေ
လေးနှစ် ဖြစ်ခဲ့ရတဲ့ သံတယတွေ
တောင်လိုပုံ မယုံနိုင်အောင်
ချစ်နေမိသော ဒီနှလုံးသား

ကဗျာနယ်ကျွံ

 







တိတ်ဆိတ်မှုတွေနဲ့အတူ
ဟိုတောင်ထိပ်ပေါ်က
ကဗျာရွတ်ဆိုသံ
ယဲ့ယဲ့လေးနဲ့ နားစွင့်နေမိတယ်...။


အသဲကွဲသီချင်းတွေနဲ့အတူ
သူဂစ်တာသံလေး သီကုံးဖွဲ့ဆို
နာကျင်လိုက်တာများ

ကုစားဖို့တောင် ဖြေဆေးမရှိခဲ့ပါလား
သူသိလေမလား မာယာခြင်းရဲ့
ဘေးတစ်ဘက် သူအကြောင်းပြောရင်

Saturday, December 8, 2012

သံယောဇဉ်

 







ဘ၀ခရီးတစ်ခုဆုံးဖို့အတွက် လျှောက်လှမ်းနေရင်းနဲ့
ညီညာမှုမရှိတဲ့ သံယောဇဉ်အမျှင်လေးတွေကို
ခိုင်မြဲမှုတွေနဲ့ တစ်ယောက်အပေါ်တစ်ယောက်
ချည်နှောင်ထားတော့ လွမ်းဆွေးတမ်းတနေမဲ့အတူတူ
ကောင်းတာကိုတွေးပြီး ဖြေသိမ့်ရတယ်လေ..

ဖြေသိမ့်မှုတွေနဲ့အတူ သူပေးခဲ့ဖူးတဲ့
နွေးထွေးမှုတွေက အတုအယောင်မှမဟုတ်ခဲ့တာ
တန်ဖိုးထားကာထွေးပိုက်ပြီး အဝေးတစ်နေရာကနေ
ထာဝရအတွက်ဆိုတာ ထာဝရပေါ့....

နှလုံးအိမ်ကပေါက်ဖွားလာသော ဒီခံစားချက်တိုင်းအတွက်
နှောင်တစ်ချိန်မှာ မျက်ရည်များစွာနဲ့ပေးဆပ်ရမှာကိုမလိုလားလို့ပါ
လျှောက်နေတဲ့လမ်းလေး အထီးကျန်စွာရှိနေချိန်မှာ
တစ်စုံတစ်ယောက်ကို ပြန်လည်တမ်းတမိတာက
လူရဲ့သဘာဝပဲမလား...

ခံစားချက်တိုင်းအတွက် မျက်ရည်များစွာနဲ့ရင်းနေရလည်း
ဖြူစင်စွာကျလာတဲ့ ဒီမျက်ရည်လေးကိုတော့ နစ်သက်နေမိသူပါ
ချည်နှောင်ခံခဲ့ရတဲ့ ရင်ဘတ်တစ်စုံ မဆုံနိုင်တဲ့ဒီလမ်းခရီးမှာ
တမ်းတမှုတွေနဲ့အတူ သူ့ဘေးမှာရှိနေချိန်ကို
ကျွန်မပျော်နေတတ်ပြီ သံယောဇဉ်ကိုမှ
ခုတ်ထွင်ရှင်းလင်းတတ်တဲ့သူရယ်
အခုတောင် ကျွန်မလွမ်းနေမိတယ်....။



nang mwe kham
29.11.2012 2:00Pm

ကျောချင်းကပ်

အတိတ်ကာလ အချိန်လေးတွေမှာ
မင်းနဲ့ငါ ဘာလို့မဆုံခဲ့ပါလိမ့်
နှမြောဖို့ကောင်းလိုက်တဲ့ အချိန်တွေရယ်
ငါ့ရဲ့ခံစားချက်တွေအားလုံး
နောက်ပြန်လှည့်လို့လည်းမရလေတော့
ကိုယ့်ဘ၀နဲ့ကိုယ် တိုးတိတ်စွာဖြေသိမ့်နေရင်းနဲ့
ရင်ဆိုင်ရအုန်းမဲ့ မနက်ဖြန်တိုင်းမှာ
မင်းကိုကြင်နာယုယဖို့ ငါ့နှလုံးအိမ်မှာ ထွေးပိုက်ထားပြီး
ဆုံတွေ့ခွင့်လေးကိုယ်စီနဲ့

စုန်းမ

 



















ခံယူမှုတွေနဲ့ လောကလေအဟုန်

ရင်ဆိုင်ကာကျော်ဖြတ်
နာကျင်မှုနဲ့သာယာမှု

ဘယ်အရာမှ ကြည်နူးတာ
မရှိခဲ့ ....


လေဟုန်တိုက်တဲ့ ဖက်
ငါသာ ရက်ရက်ရောရော

နားခိုရာမဲ့ 

ရွက်လွင့်ကာ စီးမျော .....


ရင်ဘတ် တစ်စုံ
ဘယ်အရာကို လက်ညှိုးညွှန်

ကိုယ့်စိတ်နဲ့ ထပ်တူကျ
လုပ်ဆောင်နိုင်စွမ်းရှိပါ့မလဲ

မှော်ဆရာမှ မဟုတ်ခဲ့တာ .....


လူတကာ အမြင်


အတ္တစိတ်

 








ဝေခွဲမရတဲ့ ဒီခံစားချက်တွေ
ဘာလို့ အရိပ်လို လိုက်ပြီးရှိနေတတ်တာလဲ
နာကျင်နေမှန်း သိရင်
လှည့်ပြန်သွားလိုက်ပါ....။

အားနာမှုတွေ ပိုက်ထွေးပြီး
ကျွန်မနားမှာမရှိပါနဲ့တော့
မင်းအတွက် အရာတိုင်းက
အဆင်မပြေမှန်း သိနေရက်နဲ့
နာကျင်ခါးသီးခြင်းတွေ မိတ်ဖွဲ့

အလွမ်းနွံ

ဆောင်းမနက်ခင်းလေးရဲ့
မြူနှင်းများကျဆင်းကာ
ကျွန်မဟိုအဝေးကိုလှမ်းလို့
ငေးကြည့်ရင်း
နှလုံးအိမ်ကတီးတိုးစွာအသိပေးနေသော
ဒီအလွမ်းဝေဒနာ ဖမ်းဆုတ်ယူလို့
မရသော အလွမ်းများ
ဖိတ်ခေါ်မှုမရှိပဲ အလွမ်းတွေက
ရောက်ရောက်လာတတ်တယ်နော်

အချစ်=သံယောဇဉ်
မမြင်နိုင်တဲ့ကွယ်ရာမှာ
အလွမ်းကိုယ်စီနဲ့
ရင်ဆိုင်ကာကျော်ဖြတ်
ညနက်မှုတိုင်းမှာလည်း