-->

Thursday, December 20, 2012

ဇရပ်

 
















နာကျင်မှု ကိုယ်စီနဲ့
တိတ်ဆိတ်ကာ ကုစားနေရင်း
ရင်းလိုက်ရတဲ့ ဒီနှလုံးသားတစ်စုံ
မဆုံခင်မှာ ဒဏ်ရာတွေ ဗရပွနဲ့
ဘာဖြစ်ဖြစ်...
အားတင်းပြီး ရှိနေတတ်ဆဲပါ.....။

နှုတ်ပိတ်ကာ ဟိုအဝေးကိုငေး
ရေးလိုက်ရတဲ့ ကဗျာတွေ
နာကျင်ဝမ်းနည်းမှုတွေ
ပြည့်နေသော စလုံးတွေများ
ခါးသက်ခြင်းများ ဖိတ်ခေါ်ကာမထားလည်း

နှလုံးသားတံခါးကိုအသာခေါက်ပြီး
ရင်ဘတ်တစ်ခုလုံး
ကြေမွအောင် မုန်တိုင်းထန်လိုက်တယ်...။

တည်မြဲမှုမရှိတဲ့ လောကကြီးမှာ
ငါတာ ကျောက်ရုပ်တစ်ခုလို
အမြဲထာဝရတည်ရှိနေမဲ့သူပါ
မင်းနာကျင်ရလည်း နားခိုပါ
ငါ့ရဲ့ နှလုံးသားဇရပ်မှာ
တကယ်လို့များ....
နာကျင်ထားသမျှ
အမောပြေသွားတော့လည်း
အဆင်ပြေမှုတွေနဲ့
မင်းရဲ့ဘ၀ ခရီးတွေကို
ဆက်လက်လျှောက်လှမ်းနိုင်ပါတယ်.............။


nang mwe kham
20.12.2012 4:00Pm

No comments:

Post a Comment