-->

Tuesday, December 18, 2012

ငေးနေခွင့်လေး

 








နစ်ခဲ့မိပါတယ် အဆုံးထိ
ရှိခဲ့ဖူးပါတယ် မေ့မရတဲ့
အမှတ်တရတွေအားလုံး
ရုန်းထွက်ဖို့ကြိုးစားခဲ့ဖူးတယ်
ဒီနစ်ခြင်းတရားကို ဒါပေမဲ့
အောင်မြင်မှုမရှိတော့
တိုးတိုးလေးနဲ့ သူရှိရာကို
အလွမ်းပြေခဏတော့
လာရောက်ငေးသွားမိတယ်.....။

မျှော်လင့်ခဲ့ဖူးတယ်
သူနဲ့အတူဆုံတွေ့ဖို့
စောင့်စားခဲ့ဖူးတယ်
သူနဲ့တညလုံးစကားပြောဖို့
တမ်းတခဲ့ဖူးတယ်
သူပေးမဲ့ အနမ်းလေးကိုခံယူဖို့
ဒါပေမဲ့...နာကျင်မှုနဲ့အတူ

ငါခြေလှမ်းတွေ
နောက်ဆုတ်ခဲ့ဖူးတယ်
သူပျော်တာလေးကို
ထာဝရအတွက် ငေးကြည့်နေချင်လို့ပေါ့....။

ဆွံ့အမှုတွေနဲ့
နှုတ်ပိတ်ကာ ငေးနေရင်း
တိတ်ဆိတ်မှုတွေနဲ့
သူများအဆင်ပြေမလား
နေများကောင်းရဲ့လား
မေးခွန်းပေါင်းများ..များ..များစွာနဲ့
ကျွန်မတာရူးသွပ်နေရင်း
တစ်နေ့ပြီးတစ်နေ့ ရင်ဆိုင်နေရဆဲပေါ့
သို့သော်........ထာဝရအတွက်
ငေးနေခွင့်လေးတော့ပေးလှည့်ပါကွယ်........။


nang mwe kham
18.12.2012 1:00Pm

No comments:

Post a Comment