-->

Tuesday, December 18, 2012

ဝေဒနာမီး

မထင်မှတ်တဲ့ အမှားတွက်
ှနှလုံးအိမ်မှာ ဒဏ်ရာတွေဆူးနစ်ပြီး
နာကျင်ကြေကွဲမှုတွေ
 











ဗရပွနဲ့ နုတ်ခြင်းကို
စတင်မိတ်ဖွဲ့ခွင့်ရခဲ့တယ်...။

နစ်ခဲ့ဖူးပါတယ် အဆုံးထိ
ရှိခဲ့ဖူးပါတယ် သံယောဇဉ်တွေ
ဖြတ်တောက်ဖို့ခက်တဲ့
သူနဲ့ကျွန်မကြားက ခြားနားမှု
ဒါပေမဲ့..ခုတော့
သ၀န်တိုမှုနဲ့ ဝေဒနာမီးကို
စမွေးမိသူကကျွန်မပေါ့...။

နာကျင်မှုနဲ့ ပါးပြင်ထက်က
စီးကျလာတဲ့ ဒီမျက်ရည်
ဟန်ဆောင်မှုကိုပွေ့ဖက်ပြီး

အပြုံးတွေနဲ့ခံယူနေရင်း
ကိုယ်မွေးတဲ့မီး
ကိုယ်ကိုပြန်လည်ကာလောင်ကျွမ်းတော့
ကျွန်မ ကိုယ့်အပြစ်နဲ့ကိုမို့
တိတ်ဆိတ်စွာခံယူရင်း
သူရဲ့ မနီးမဝေးမှာ ဆက်ပြီးငေးနေခွင့်ပြုပါ......။

nang mwe kham
15.12.2012 1:00Pm

No comments:

Post a Comment