-->

Wednesday, December 12, 2012

ကျွန်မရဲ့ဘ၀လေး

မြတ်နိုးမှုတွေနဲ့အတူ
မနက်ခင်းလေးကိုနိုးထလာတယ်
ပျော်ရွင်ကြည်နူးသောစိတ်လေးနဲ့
(၁၂)ရက်နေ့ကိုမြတ်နိုးနေဆဲပေါ့...။


တစ်နှစ်ပတ်လုံးမှာ (၁၂)ရာသီတွေ
အလီလီပြောင်းလို့ ထပ်တူကျနေသော
ဒီရင်ခုန်သံတွေနဲ့
ပျော်ရွင်မှုနဲ့ငိုကြွေခြင်း
ဖြစ်သမျှအရာတိုင်းကို
အေးအတူပူအမျှ ခုထက်ထိတိုင်
တွဲလက်တွေမြဲနေမိတာ သူနဲ့ကျွန်မပေါ့...။


(၂၀၁၂)..ခုနှစ်တဲ့ တွဲလက်တွေ
လေးနှစ် ဖြစ်ခဲ့ရတဲ့ သံတယတွေ
တောင်လိုပုံ မယုံနိုင်အောင်
ချစ်နေမိသော ဒီနှလုံးသား

ခါးသက်ခြင်းတွေတိုက်ကာစားလည်း
အပြုံးကိုယ်စီနဲ့ရှိနေပေးသော
ကျွန်မချစ်သူ...Happy Birthdays...ပါနော်..။

ရှေ့ဆက်မဲ့ဘ၀ခရီးလမ်း
ဆူးတွေခင်းကျင်းထားသော်လည်း
ယုံကြည်မှုကိုအားထား
တွဲလက်တွေထာဝရအတူရှိနေမယ်နော်..ချစ်သူ....။


nang mwe kham
11.12.2012 6:30Pm

No comments:

Post a Comment