
အဝေးရောက်နေသော
မင်းခြေလှမ်းတွေ
ငါဘာကြောင့်
ငေးကြည့်နေမိတာလဲ....။
တစ်နေ့ဆိုတဲ့မျှော်လင့်ချက်လေးက့
ငါ့အတွက် ရိုးမသွားနိုင်သော
ပုံပြင်ဟောင်းလေးတစ်ပုဒ်ဖြစ်နေလို့လား...။
ရှိပါစေတော့လေ သွားလေသူ
ကူရာမဲ့ မင်းနှလုံးသားမှာ
ငါတစ်ယောက်တည်းပိုင်တာမှမဟုတ်ခဲ့တာ
နားလည်မှုတွေနဲ့ရှိနေတတ်ဆဲပေါ့....။
ခိုနားခွင့်မရှိတဲ့ ဒီနှလုံးသားကို
နာကျင်ဝမ်းနည်းခြင်းတွေ
ထွေးပိုက်ပြီး ဟိုအဝေးကို
ကျောခိုင်းဖို့ဆိုတာ ခွန်အားမဲ့နေမိသူပေါ့
ဖြစ်တည်မှုတိုင်းအတွက်
တန်ပြန်သက်ရောက်မှုလေး
မပိုင်ဆိုင်ရသော်လည်း သူပျော်တာလေးကို
ကျွန်မအဝေးတစ်နေရာကနေပြီး
ထာဝရအတွက်ငေးနေအုန်းမှာပါ.....။
No comments:
Post a Comment