-->

Saturday, December 8, 2012

သံယောဇဉ်

 







ဘ၀ခရီးတစ်ခုဆုံးဖို့အတွက် လျှောက်လှမ်းနေရင်းနဲ့
ညီညာမှုမရှိတဲ့ သံယောဇဉ်အမျှင်လေးတွေကို
ခိုင်မြဲမှုတွေနဲ့ တစ်ယောက်အပေါ်တစ်ယောက်
ချည်နှောင်ထားတော့ လွမ်းဆွေးတမ်းတနေမဲ့အတူတူ
ကောင်းတာကိုတွေးပြီး ဖြေသိမ့်ရတယ်လေ..

ဖြေသိမ့်မှုတွေနဲ့အတူ သူပေးခဲ့ဖူးတဲ့
နွေးထွေးမှုတွေက အတုအယောင်မှမဟုတ်ခဲ့တာ
တန်ဖိုးထားကာထွေးပိုက်ပြီး အဝေးတစ်နေရာကနေ
ထာဝရအတွက်ဆိုတာ ထာဝရပေါ့....

နှလုံးအိမ်ကပေါက်ဖွားလာသော ဒီခံစားချက်တိုင်းအတွက်
နှောင်တစ်ချိန်မှာ မျက်ရည်များစွာနဲ့ပေးဆပ်ရမှာကိုမလိုလားလို့ပါ
လျှောက်နေတဲ့လမ်းလေး အထီးကျန်စွာရှိနေချိန်မှာ
တစ်စုံတစ်ယောက်ကို ပြန်လည်တမ်းတမိတာက
လူရဲ့သဘာဝပဲမလား...

ခံစားချက်တိုင်းအတွက် မျက်ရည်များစွာနဲ့ရင်းနေရလည်း
ဖြူစင်စွာကျလာတဲ့ ဒီမျက်ရည်လေးကိုတော့ နစ်သက်နေမိသူပါ
ချည်နှောင်ခံခဲ့ရတဲ့ ရင်ဘတ်တစ်စုံ မဆုံနိုင်တဲ့ဒီလမ်းခရီးမှာ
တမ်းတမှုတွေနဲ့အတူ သူ့ဘေးမှာရှိနေချိန်ကို
ကျွန်မပျော်နေတတ်ပြီ သံယောဇဉ်ကိုမှ
ခုတ်ထွင်ရှင်းလင်းတတ်တဲ့သူရယ်
အခုတောင် ကျွန်မလွမ်းနေမိတယ်....။



nang mwe kham
29.11.2012 2:00Pm

No comments:

Post a Comment