-->

Saturday, December 8, 2012

ကျောချင်းကပ်

အတိတ်ကာလ အချိန်လေးတွေမှာ
မင်းနဲ့ငါ ဘာလို့မဆုံခဲ့ပါလိမ့်
နှမြောဖို့ကောင်းလိုက်တဲ့ အချိန်တွေရယ်
ငါ့ရဲ့ခံစားချက်တွေအားလုံး
နောက်ပြန်လှည့်လို့လည်းမရလေတော့
ကိုယ့်ဘ၀နဲ့ကိုယ် တိုးတိတ်စွာဖြေသိမ့်နေရင်းနဲ့
ရင်ဆိုင်ရအုန်းမဲ့ မနက်ဖြန်တိုင်းမှာ
မင်းကိုကြင်နာယုယဖို့ ငါ့နှလုံးအိမ်မှာ ထွေးပိုက်ထားပြီး
ဆုံတွေ့ခွင့်လေးကိုယ်စီနဲ့

မျှော်လင့်စောင့်စားနေရင်း အတူရှိနေမယ်ဆို
ခုတော့...မင်းနဲ့ငါ့ဘ၀က
ဘယ်တော့မှ မျက်နှာချင်းဆိုင်
ဆုံတွေ့နိုင်မှာ မဟုတ်ပေမဲ့
ဘယ်တော့မှလည်း အဝေးကြီးဝေးသွားမှာမဟုတ်သလို
မနီးမဝေးလေးမှာပဲ ထာဝရအတွက်
ကျောချင်းကပ်ပြီးရှိနေပါရစေလို့..ကျမ...။


nang mwe kham
3.12.2012 10:00Am

No comments:

Post a Comment