-->

Saturday, December 8, 2012

စုန်းမ

 



















ခံယူမှုတွေနဲ့ လောကလေအဟုန်

ရင်ဆိုင်ကာကျော်ဖြတ်
နာကျင်မှုနဲ့သာယာမှု

ဘယ်အရာမှ ကြည်နူးတာ
မရှိခဲ့ ....


လေဟုန်တိုက်တဲ့ ဖက်
ငါသာ ရက်ရက်ရောရော

နားခိုရာမဲ့ 

ရွက်လွင့်ကာ စီးမျော .....


ရင်ဘတ် တစ်စုံ
ဘယ်အရာကို လက်ညှိုးညွှန်

ကိုယ့်စိတ်နဲ့ ထပ်တူကျ
လုပ်ဆောင်နိုင်စွမ်းရှိပါ့မလဲ

မှော်ဆရာမှ မဟုတ်ခဲ့တာ .....


လူတကာ အမြင်


အစွယ်ဖွေးဖွေးနဲ့
လက်ညှိုးကို ငေါက်ငေါက်ထိုး

နောက်ဆုံးရလဒ်
စုန်းမ ဖြစ်ပြန်ရောလား ( အဟက် ) .....


တံဆိပ်တွေ ပေးအပ်
ခလုတ် မတိုက်ပါနဲ့ 

မဟုတ်ရင်

စိတ်ကျေနပ်တဲ့ထိ
ငါ့ရဲ့ ပြုစားခြင်းဝင်္ကဘာမှာ
နှလုံးသားကျွန် ဖြစ်သွားနိုင်တယ် ..... ။



nang mwe kham
5.12.2012 1:30Pm

No comments:

Post a Comment