-->

Saturday, December 8, 2012

အလွမ်းနွံ

ဆောင်းမနက်ခင်းလေးရဲ့
မြူနှင်းများကျဆင်းကာ
ကျွန်မဟိုအဝေးကိုလှမ်းလို့
ငေးကြည့်ရင်း
နှလုံးအိမ်ကတီးတိုးစွာအသိပေးနေသော
ဒီအလွမ်းဝေဒနာ ဖမ်းဆုတ်ယူလို့
မရသော အလွမ်းများ
ဖိတ်ခေါ်မှုမရှိပဲ အလွမ်းတွေက
ရောက်ရောက်လာတတ်တယ်နော်

အချစ်=သံယောဇဉ်
မမြင်နိုင်တဲ့ကွယ်ရာမှာ
အလွမ်းကိုယ်စီနဲ့
ရင်ဆိုင်ကာကျော်ဖြတ်
ညနက်မှုတိုင်းမှာလည်း

ကြယ်လေးတွေရေတွက်ရင်း
သူကိုတမ်းတကာမျှော်မှန်းလို့
သူများအဆင်ပြေပါ့မလား...

အနေဝေးတဲ့လူနှစ်ယောက်
အလွမ်းနွံမှာ နစ်နေရင်း
ယုံကြည်မှုကို အလေးထား
ခါးသက်မှုတွေများကျရောက်လာမလားလို့
တိုးတိတ်မှုတွေနဲ့ကျွန်မစိုးရိမ်နေမိတယ်ကွယ်...။



nang mwe kham
6.12.2012 2:30Pm

No comments:

Post a Comment