-->

Thursday, November 22, 2012

♥♥ကျေးဇူးပါ ချစ်သူ♥♥

ဘ၀ကိုထုဆစ် ဒဏ်ရာတွေကိုပွေ့ဖက်လို့
တစ်ယောက်တည်း လမ်းကြမ်းတွေလည်း
ကျော်လွန်ဖြတ်သန်းနေ့ရက်များစွာ
အတ္တကိုထမ်းပိုး မာနတွေနဲ့ခ၀ါချလို့
အကြိမ်ကြိမ် ဆုံးရှုံးမှုများစွာကိုပိုက်ထွေ
ဘယ်လိုလမ်းကြမ်း ထပ်ကာလှမ်းလို့
လျှောက်ရဦးမယ် ငါမသိလေပြီ....
လမ်းများပေါ်မှာ ယောင်ချာချာကောင်လေး
ဘယ်ဆီဘယ်ဝယ် နားခှိုရာနေရာ
ဘယ်လိုပုံစံရှိနေမှာလည်း သိချင်နေခဲ့တယ်
ခုတော့လည်းအရင်လို တစ်ယောက်တည်း
အတွေးများစွာနစ်မွန်း အထီးကျန်ညများ

မရေတွတ်နိုင်အောင် ဖြစ်ရတာလည်း
မင်းကိုငါလေ ရင်ဖွင့်အံချခဲ့ဖူးတယ်
အထီးကျန်ဆန်ဘ၀လေးကိုမင်းလေးနဲဖြည့်စွက်
ငါလေနှစ်သက် ပျော်ရွှင်နေ့များရရှိခဲ့ဖူးပြီ
ခုတော့ဒီဘ၀ ဒီအမျှလောက်သာ
ပျော်ရွှင်ခွင့်လေး ပေးသနားခဲ့တာ
ချစ်တဲ့သူလေး ကျေးဇူးပါ....

No comments:

Post a Comment