-->

Thursday, November 22, 2012

မင်းမရှိလို့ မဖြစ်တဲ့ကမ္ဘာ


အလွမ်းဒဏ်သင့် လို့ 
အလွမ်းကြိမ်စာစူး
အလွမ်းရောဂါ ရပြီး
အလွမ်းနာကျနေတဲ့  ငါ့ နှလုံးသားကို
နင်က နောက်ကျောကို ဓါးနဲ့ နဲ့ ထိုးဦးမလို့ လား
အဲဒါဆိုငါ့ရင်တွေ ဖွင့်ထားပေးမယ်
ငါ့ ရင်ဘက်တည့် တည့် ကို ထိုးလိုက်ပါ ဒါပေမယ့် 
ဘယ်ဘက်ကခုန်နေတဲ့  ရင်ခုန်သံစက်ကွင်းနေရာကိုတော့ မထိုးမိစေနဲ့ 
ဘာလိုလဲဆိုတော့ ....အဲဒီအထဲမှာနင်ရှိနေတယ်လေ

ဝေးရမယ်အကြောင်းမပြောနဲ့ တော့ ဟာ
ငါကနင်နဲ့ တခဏလေးတောင် မခွဲ၇ဲ့ လို့ ပါ

နင်မကြင်နာနိုင်လို့  ငါ့ ကိုပစ်သွားမယ်ဆိုရင်
ဒိအတိုင်းအသက်၇ှင်လျှက် နှလုံးသားခုန်လျှက်နဲ့ မထားခဲ့ ပါနဲ့ 
တခါတည်းအသေသတ်ပြီးမှသွားပါ...........

တချိန်တခါချစ်ဖူးတဲ့  ငါအသဲက
အရမ်းကို နုပြီးနာကျင်လွယ်တယ်ဆိုတာနင်သိပါတယ်
တကယ်ချစ်တယ်ဆိုရင် ငါအသဲကို မကစားပါနဲ့ တော့ 
အပြစ်မြင်လို့  မချစ်ချင်တော့ ရင်တော့ 
တခါတည်းသာ သတ်သွားပါ
နင်မရှိရင်အသက်ရှင်ဖို့ မဖြစ်လို့ ပါ........................... ။

http://forum.myanmar-technicians.org/

No comments:

Post a Comment