-->

Thursday, November 22, 2012

မုန်တိုင်းကို မစပျိုးမိသူကျွန်တော်

အရာရာကို အမြဲတမ်း
စဉ်းစားပြီး ဆုံးဖြတ်တတ်အောင်
သင်ယူဖို့ဒီကမ္ဘာလေလိုင်းပေါ်သို့
ရောက်ရှိလာခဲ့
တစ်ချိန်ချိန်မှာ ဒီလိုနေရာ ဒီလိုအချိန်
ကုန်ဆုံးသွားဖြစ်မယ်ဆိုတဲ့အတွေး
မထင်ထားခဲ့သော ကျွန်တော်
ခုတော့ မမျှော်လင့်ထားခဲ့မိတဲ့ နေရာ
မမျှော်လင့်ထားခဲ့တဲ့ ဒီလေလိုင်းပေါ်
ခြေချလို့ ပျော်နေတတ်သော ကျွန်တော်

စိတ်ညစ်စရာတွေကို မောင်းထုတ်ပြီး
ပျော်စရာများစွာကို ထမ်းပိုးရင်း
ခက်ထန်တဲ့  လေပြင်းရိုက်အခတ်
ကျိုးကျေတဲ့ စိတ်ဓါတ်ကို ထုတ်ပိုးသိမ်းဆည်း
လမ်းပေါင်းများစွာကို ဖြတ်သန်းလျှောက်လှမ်းရင်း
လေပြေလေညင်းလေးတစ်ခုအဖြစ်
မရောက်နိုင်သေးပါလား ခံယူရင်း မာနတွေကိုခ၀ါချ
ဖဲကြိုးလှလှချည်ထားတဲ့  မုန်တိုင်းတစ်ခု
နားလည်မှုတွေရှိနေသရွေ့ မေတ္တာတရားနဲ့ သာ
ကျွန်တော် ............

No comments:

Post a Comment