-->

Tuesday, March 12, 2013

ဆွံ့အမှု

 
အသိမဲ့ပြီး လေလှံနှစ်ဖက်
နှင်းနေသော သူ့လိုလူအတွက်
ပေးဆပ်နေရင်းနဲ့ ကျမဘာလို့
အဆုံးထိနစ်နေမိတာလဲ...။

ဟန်ဆောင်ခြင်းတွေနဲ့
မင်းရဲ့တုန့်ပြန်မှုတွေက
လူတကာ ဟားတိုက်နေသော
ပြဇာတ်တစ်ပုဒ်လိုပဲလား
မာယာနွံမှာ နောက်ဆုံးခန်းထိ

မင်းရဲ့လှည့်ကွက်တွေ ပိရိနေပါစေ....။
မင်းရဲ့ဇာတ်ရူပ်တွေ
အကုန်သိနေရက်နဲ့
ကျမ အကြိမ်ကြိမ် ဆွံ့အ ခဲ့ဖူးတယ်
နာကျဉ်းတတ်တဲ့ စိတ်တစ်ခုကို
ပိုင်ဆိုင်ချင်တယ် ခွင့်မလွတ်တတ်တဲ့
စိတ်ကိုလည်း လိုလားတယ်
ဒါပေမဲ့...သူအတွက်ဆိုပြီး
ကျမနာကျင်နေရင်းနဲ့
တိုးတိုးလေးဆွံ့အနေဆဲပေါ့........။



nang mwe kham
19.2.2013 11:15Am

No comments:

Post a Comment