-->

Tuesday, March 12, 2013

နောက်ဆုံး


တွေဝေမှုတွေနဲ့အဆုံးသတ်
နာကျင်မှုတွေနဲ့ ရပ်ကျန်
ဆွံ့အမှုတွေနဲ့ ကျောခိုင်း
မာနတရားကိုကိုင်ဆောင်ရင်း
နောက်ဆုံးတော့...နောက်ဆုံးတော့.....။


တိုက်ဆိုင်မှုရှိတိုင်း
တမ်းတမိနေတဲ့ ငါ့ရဲ့စိတ်ကို
မုန်းတီးတယ်...အရင်က
မင်းပေးခဲ့ဖူးတဲ့ နွေးထွေးမှုကို

လိုလားတဲ့စိတ်ကိုလည်း
မုန်းတီးချင်တယ်...နောက်ဆုံးတော့
ဒါတွေက ကျမရဲ့......။

ရှိပါစေလေ ကံတရားရဲ့
စေခိုင်းမှု ခါးသက်ခြင်းကိုယ်စီနဲ့
နာကျင်စွာ နှုတ်ဆက်ရင်း
နောက်ဆုံးအနေနဲ့ ကျမ
တောင်းဆုတစ်ခုတော့
ခြွေပါရစေ...မင်းကိုအဝေးကနေပြီး
ချစ်နေခွင့်လေးတော့ပေးလှည့်ပါကွယ်....။


nang mwe kham
25.2.2013 11:00Am

No comments:

Post a Comment