-->

Tuesday, March 12, 2013

အင်တာနက်ဆိုတာ ဘာလဲ….


         အတိုချုပ်ပြောရရင်တော့ အင်တာနက်ဆိုတာဟာ သန်းပေါင်းများစွာသော ကွန်ပျူတာတွေကိုတစ်လုံးနဲ့
တစ်လုံးဆက်ပေးထားတဲ့ ကမ္ဘာကြီးတစ်ခုလုံးကို ပတ်ပြီ အလုပ်လုပ်ပေးနေသော Cable ကြိုးတစ်ထွေးကြီး
ပဲဆိုပါတော့။ နည်းပညာအရ ပြောရရင် ဒါကို Wid Area Network (ကျယ်ပြန့်တဲ့ဒေသကြီးကို ဖြန့်ကျက်
ထားတဲ့ ကွန်ယက်)သို့မဟုတ် WAN လို့ခေါ်ပါတယ်။ net (အင်တာနက်ကိုအတိုကောက်ခေါ်ခြင်းဖြစ်ပါသည်။)
ဆိုလိုတာက သင်ဟာ taxpayer (အခွန်အခပေးသူ) တစ်ယောက်ဖြစ်ခဲ့ရင် အင်တာနက်ရဲ့ အစိတ်အပိုင်းကို
ပိုင်ဆိုင်ပြီးသား ဖြစ်နေပါလိမ့်မယ်။တကယ်လို့သင်ဟာ တယ်လီဖုန်းလိုင်းကနေတဆင့် အင်တာနက်နဲ့
ဆက်သွယ်ထားခဲ့မယ်ဆိုရင်တောင် အဲဒီအင်တာနက်ဟာ သာမန် တယ်လီဖုန်းစနစ်နဲ့ လုံးဝသီးခြားဖြစ်
နေတာကို တွေ့ရပါလိမ့်မယ်။ တယ်လီဖုန်း ကုမ္ပဏီတွေမှာရှိတဲ့ “Long distance” charges ခေါ်
အဝေးပြောခပေးရတာမျိုးတွေရှိမှာ မဟုတ်ပါဘူး။ သင့်အနေနဲ့ e-mail ကို အိမ်နီးခြင်းကိုပို့တာပဲ ဖြစ်ဖြစ် ၊
ကမ္ဘာတစ်ဝက်ခရီးကို ပို့တာပဲဖြစ်ဖြစ် cost ကတော့အတူတူပါပဲ။ဆိုပါတော့ သုညဒေါ်လာ၊သုညအဆင့်၊
ဒီလိုဆိုလိုက်လို့အင်တာနက်ကို လုံးဝအခမဲ့ အသုံးပြုနိုင်တယ်လို့ ဆိုတာမျိုး မဟုတ်ပါဘူး။
သင့်အနေနဲ့ အင်တာနက်နဲ့ ဆက်သွယ်နိုင်ဖို့အတွက် Internet Sevice Provider fee ( အဖိုးအခ )
ကို သင်ပေးရမှာဖြစ်ပါတယ်။ ဒါတွေကိုသိနိုင်ဖို့အတွက်တော့ ISP ကဏ္ဍ မှာ cost အပါအ၀င် အချက်အလက်
တွေကို အသေးစိတ်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
အင်တာနက်ကို commercial services ပေးသော America Online, MSN, Conpu sever နှင့်

Prodigy ကဲ့သို့သော ကုမ္ပဏီများ နှင့် ယှဉ်တွ္ပဲ၍ ရှုပ်တွေမပစ်သင့်ပါဘူး။ ထိုကုမ္ပဏီများမှာ ပုဂ္ဂလိကများ

ဖြစ်ပြီး သူတို့ဆောင်ရွက်ပေးသော အကြောင်းအရာ (content) များနှင့် ဆောင်ရွက်ပေးသော သူတို့

(editorial control ) အစိတ်အပိုင်းများ ရှိပါတယ်။ ယင်းတို့သည် သူတို့ customers များအတွက်
မည်သည့်အကြောင့်အရာကသင့်လျှော်သည် ၊ မည်သည့်အကြောင်းအရာများဟာ မသင့်လျော်ဘူးဆိုတဲ့
စသည်ဖြင့်ဆုံးဖြတ်လေ့ ရှိပါသည်။ဆက်လျှက်ပြီသော် နောက်ပိုင်း အကြောင်းအရာများကိုလည်း
အချိန်ရသလိုပြန်လည်ထုတ်နှုတ် မျှဝေပေးသွားမှာဖြစ်ပါတယ်….မျှဝေမှုလေးအား လေ့လာမှတ်သားပြီ
ဗဟုသုတများနှင့် ပြည့်စုံကြသော စာချစ်သူ မိတ်ဆွေများ ဖြစ်ကြပါစေရန် ဆုတောင်းပေးလိုက်ပါတယ်…….

No comments:

Post a Comment