-->

Thursday, November 8, 2012

တွေးကြောက်နေမိသူ

 






 ဆောင်းလေညင်းလေးအတိုင်း
ငါ့ရဲ့နှလုံးသားကို အေးခဲ့တဲ့ဒဏ်ကိုခတ်ပြီး
အနာမရှိသလို ငါအချစ်တွေ နုတ်ယူသွားတယ်
သွားနေရာငါ့ရင်ဘတ်တစ်ခုလုံး
ပျော်သလိုနဲ့ နာကျင်နေရတယ်
အချစ်ကံခေသူမို့ ဖြစ်ချင်တိုင်းတာ
တောင်းတနေရင် ကံတရားက ဟားတိုက်နေမလားပေါ့
သူသိပါတယ်လေ အချစ်များစွာ သူနုတ်ယူသွားလည်း
ပြည်လည်ကာအပ်နှံမှုရှင်းလင်းပွဲဖြစ်တဲ့တစ်နေ့

ငါဟန်ဆောင်ကာပြုံးနေ
ရူးသွပ်ချင်းတွေနဲ့ အိပ်စက်
မုန်းတီးချင်းတွေနဲ့ နိုးထ
ကြေကွဲချင်းတွေနဲ့ မိတ်ဖွဲ့
နာကျင်ချင်းတွေနဲ့ ရူးသွပ်နေရင်း
တမ်းတချင်းတွေနဲ့ ငါ့နှလုံးသားမှာ ဒဏ်ရာတွေနဲ့ပေါ့...။

nang mwe kham
7.11.2012 12:30Pm

No comments:

Post a Comment