-->

Thursday, November 8, 2012

အထီးကျန်ဆန်တဲ့ ညအမှောင်မှာ
တိတ်တိတ်လေးထိုင်ကာဆွေးနေရင်း
အရင်တုန်းကဒီလိုအချိန်လေးမှာ
သူဆီကနွေးထွေးမှုတွေပိုင်ဆိုင်ခဲ့ဖူးတယ်
ခုတော့....ဖြစ်ပျက်သွားတဲ့ အသဲကွဲပုံပြင်တစ်ခုလို
အဆုံးသတ်မရတဲ့ ဒီအလွမ်းတွေနဲ့
နာကျင်စွာခံစားရင်း ညကို ကျွန်မရင်ခုန်နေဆဲပါ
နေ့သစ်တိုင်းမှာညရဲ့အဆုံးသတ်ခြင်းကို
တန်ဖိုးထားကာမြတ်နိုးလို့

သူဘေးမှာ အမြဲခစားနေမိသူက ကျွန်မပေါ့
ကံတရားရဲ့ စေညွန်းရာ မဖြစ်နိုင်တာကို
ကျောခိုင်းထားပြီး နှလုံးသားရဲ့စေခိုင်းမှု
သူမှာပိုင်ရှင်ရှိနေရက်နဲ့ ကျွန်မ ည ကို နစ်နေမိပြီ
ညရဲ့အမှောင် လောင်မိုက်ခြင်းတွေနဲ့အတူ
ပေးဆပ်ခြင်းတွေနဲ့ ည အနားမှာ အမြဲခံစားခွင့်ပြုပါ...။


nang mwe kham
7.11.2012 11:30Am

No comments:

Post a Comment