-->

Thursday, November 8, 2012

နားခိုရာ ခဏတာ

 
တကယ်ဆို ငါ့မှာလည်းခံစားချက်နဲ့ပါ
ဘယ်သူတွေ ၀မ်းနည်းနေမလည်း
ငါအမြဲတမ်း နှစ်သိမ့်ပေးမှုပေးနိုင်မို့
ခဏတာရင်ခွင့်တစ်စုံလေး
ငါဖွင့်ပေးထားပါတယ်....
အရိပ်လိုနေချိန်မှာ အရိပ်ကိုလိုနေတဲ့
တစ်ယောက်မဟုတ် တစ်ယောက်အတွက်ပါ
ဘယ်သူခိုလှုံခွင့်ရှိလည်းလို့ မမေးပါနဲ့
ဘယ်သူရယ်လိုမှ ဒီလိုနေရာလေးမှာ
ဘယ်သူ့ကိုမှ မရည်ရွယ်ထားလို့ပါ
အပျော်လေးများ ပျောက်ဆုံးနေချိန်
လှမ်းလာခဲ့ပါ ငါ့ရင်ခွင့်ဒီကစားကွင်း
ပျော်ရွှင်မှုများ နိုးကြားလာပြီဆိုချိန်လေး
ခြေကန်ထွက်သွား ငါမတားပါဘူး
မင်းတို့စိတ်ကြိုက် ကစားနိုင်တဲ့
ကစားကွင်းလေး အဖြစ်သတ်မှတ်ပြီ
ခဏတာ လုံခြုံမယ်ဆို လာခဲ့ပါ....
ကစားကွင်းလေးတစ်ခုဖြစ်တဲ့
ငါ့ရဲ့ နွေးထွေးပေးဆပ်မှု့လေးများ
ယူဆောင်သယ်ပိုး ထုတ်ယူလို့သွားပါ
ကျန်နေရစ်သော အဖော်မဲ့ကစားကွင်းလေးက
အရင်လိုသာ အဖော်မဲ့ကမ္ဘာငယ်လေးအဖြစ်
တည်ရှိနေသွားမှာ
 

No comments:

Post a Comment