
တမ်းတနေသော သူ့နွေးထွေးမှု
လိုအပ်နေသော သူ၏ခေါ်သံ
ပျော်စေချင်သော ဒီနှလုံးသား
ခါးသက်စေသော သူရဲ့တိတ်ဆိတ်မှု
စွန့်လွတ်စေချင်သော ငါ့နာကျင်ခြင်းတွေ
မျှဝေမှုမရှိတော့ ငါ့တာကြေကွဲသူလေးပေါ့....။
သူရှိမလားဆိုပြီး ဆက်လက်ကာမျှော်လင့်
ညနက်မှုတွေနဲ့ ငါသာရူးသွပ်နေခဲ့ပြီ
ရူးသွပ်မှုတွေနဲ့ကျလာတဲ့ ဒီမျက်ရည်
သူတာထပ်တူခံစားမိခဲ့ရင်
ညနက်တိုင်းကိုငိုကြွေးခြင်းတွေနဲ့အဆုံးသတ်
နောက်ဆုံးရဲ့ရလဒ်ကတော့ ငါတာကြေကွဲသူလေးပေါ့..။
သာယာမှုတွေနဲ့ ဖြစ်သမျှခံစားချက်တွေ
ငါသာကျေနပ်စွာနဲ့ပေးဆပ်နေအုန်းမှာပါ
သူဘက်က လိုအပ်သည်ဖြစ်စေ
မလိုလားခဲ့သည်ဖြစ်စေ တန်ပြန်သက်ရောက်မှုလေး
လှပမှုမရှိခဲ့ရင်တောင် ငါတာတိုးတိတ်မှုတွေနဲ့
ကြေကွဲသူလေးအဖြစ်နဲ့ ဆက်ပြီးရှင်သန်နေဆဲပါ..။
nang mwe kham
9.11.2012 3:30Pm
No comments:
Post a Comment