-->

Friday, November 9, 2012

ရင်ခွင်အငှား

 






လွန်ဆန်မရတဲ့
အချစ်ရဲ့ ခေါ်ဆောင်ရာ
လိုက်ပါလျှောက်လှမ်း
ပျော်ရွှင်မှုနဲ့ငိုကြွေးမှု
သူလဲခံစားရသလို
ငါလဲ ရင်ဝယ်ပိုက်
နားလည်မှုတွေတိုင်တည်ထား
တွဲလက်တွေခုချိန်ထိခိုင်မြဲလို့
သူပျော်ရာလမ်း
ငါသာအလိုအပ်ဆုံးသူမို့
ထားရစ်ခြင်းရဲ့ဆုလဒ်
ငါ့ ရင်ကိုဖြိုခွဲ
နာကျင်ဝမ်းနည်းခြင်းနဲ့
သူတောင်းဆိုရာ
မထင်မှတ်တဲ့ ဒီလမ်းခွဲမှု
ငါသာနှုတ်ပိတ် ခေါင်းညိတ်
တိတ်ဆိတ်နေတဲ့ဘေးပတ်ဝန်းကျင်
တိုးတိတ်ခြင်းတွေနဲ့ 
ငါ့ ငိုကြွေးသံ
သူပျော်ရာခရီးလမ်း
ဆက်ကာလျှောက်နိုင်ဖို့
ငါသာကျန်ရစ်ခဲ့
သူမသိတဲ့ ငါ့ ရဲ့  ပြိုလှဲမှု
သွားလေသူ
လိုရာခရီးလမ်း
ငါသာသူ့ အတွက်
ရင်ခွင်အငှားနဲ့  ကျန်ရစ်ခဲ့ပြီ
ခံယူမှုတွေ ပိုက်ထွေး
ထာဝရမင်းရဲ့နောက်မှာ
ငါကျန်ရစ်နေဆဲပါ

nang mwe kham
8.11.2012 1:00Pm

No comments:

Post a Comment