-->

Friday, November 9, 2012

Black & White To Colour Photo

Black & White To Colour Photo
ထုံးစံအတိုင်းပြင်မယ့် ပုံကို Photoshop နဲ့ဖွင့် Duplicate layer လုပ်ထားပေါ့။ ပြီးရင်Polygonal Lasso tool နဲ့ အကျီကို သပ်သပ်ယပ်ယပ်လေး Select လုပ်ပေးပါ .. ။ဒီ Tutorial မှာ Select က အသက်ဖြစ်ပါတယ်။



Polygonal Lasso tool ကိုလူသိပ်မသိတာလေး တစ်ခုရှိတယ်ဗျ .. ။ အဲဒါက selection လုပ်ပြီးလို့အောက်ပါပုံအတိုင်း ပိုနေတာ တွေ လိုနေတာတွေ ရှိလာရင် အစက ပြန်မလုပ်ပဲပြင်လို့ ရတယ်ဆိုတာကိုပါ။



Polygonal Lasso tool ရဲ့ အပေါ် Attribute bar မှာ Add to selection ဆိုတာလေး နှိပ်ပေးလိုက်။



Tool မှာ + လေး ပေါ်လာတယ် .. အဲဒါဆိုရင် အောက်မှာ ပြထားတဲ့ အတိုင်း လိုတဲ့ နေရာလေးကို ပြန်ဖြည့်ဆွဲ ပြီး Select ပြန်လုပ်လို့ ရပါတယ်။



အဲလိုပဲ Subtract from selection ဆိုတာကို နှိပ်ကြည့်လိုက်ပါ။





Tool မှာ - ပေါ်လာပါတယ်။ ပိုသွားတာတွေ ပြန်နှုတ်လို့ ရပြီပေါ့ .. ။

ကဲ ပြန်ဆက်ကြရအောင် .. အောက်ပါအတိုင်း Selection လုပ်ပြီးသွားပါပြီ။






Image - Adjustments - Hue/Saturation (or) Ctrl+U ကိုနှိပ်ပါတယ်။ အောက်ပါတန်ဖိုး အတိုင်းရအောင် ချိန်ကြည့်လိုက်ပါ။



အောက်ပါ ပုံအတိုင်းရလာပါမယ်။









ဒီတစ်ခါဘောင်းဘီကို Select ထပ်လုပ်ပါတယ်။ နေရာတွေ ကွဲနေတာ ဖြစ်လို့ ဥာဏ်ရှိသလိုလုပ်နိုင်ပါတယ်။ ပြီးရင် ခုနက အတိုင်းပဲ Ctrl+U နှိပ်ပြီး အစိမ်းရောင်ဖြစ်အောင် ချိန်ကြည့်ပါ။


သဘောပေါက်မယ်ထင်ပါတယ်... မိမိ နှစ်သက်သလို အရောင်တွေ ပြောင်းနိုင်ပါတယ်။ အဓိက ကတော့ Selectionသပ်ယပ်ဖို့ ဖြစ်ပါတယ်။ ဒီနည်းနဲ့ပဲ ဖိနပ်၊ မျက်လုံး၊ နှုတ်ခမ်း၊ အသားရောင်၊ဆံပင်တွေ ကို အရောင်ဖြည့်လိုက်ပါတယ်။ အခက်အခဲတစ်ခုက အသားရောင်ပါ။အသားအရောင်အတွက် က အောက်ပါ တန်ဖိုး အတိုင်း လိုက်ဖြည့်ကြည့်ပါ။


ကျန်တာတွေက လွယ်ပါတယ် အဆင်ပြေမယ်ထင်ပါတယ် .. ။ အားလုံးပြောင်းပြီး သွားတဲ့နောက် အောက်ပါပုံအတိုင်း လှသွားပါတယ်။
အဆင်ပြေကြပါစေဗျာ .. ဒီတစ်နည်းတည်းကို Repeat နဲ့ပြောနေရမှာစိုးလို့ နည်းနည်း အကျဉ်းချုပ်လိုက်ပါတယ် ။
အဆင်ပြေကြ ပါစေဗျာ ....

No comments:

Post a Comment