-->

Tuesday, November 20, 2012

တီတိုးရွတ်ဆိုသံများနှင့် ငါ

ဘာရယ်တော့ မဟုတ်ဘူး
ငါတိုးတိုးလေး ရေရွတ်မိတာပါ။
ဘာရယ်တော့မဟုတ်ဘူး
ငါ တိုးတိုးလေးသီဆိုမိတာပါ။
ဘာရယ်တော့ မဟုတ်ပေမယ့်
ငါလေ ငြိတွယ်နေမိတာပါ။
ဘာရယ်တော့ အကြောင်းမရှိပေမယ့်
ငါ့ဖြူစင်မှုလေး နစ်မြုပ်သွားမှာကြောက်မိတာပါ။
ဘာကြောင့်ရယ်တော့ မဟုတ်ပါဘူး
စက္ကန့်လေးတွေပြေးနေသမျှ မြင်ချင်နေမိတာလေးပါ။
ဘာရယ်တော့ မမေးလိုက်ပါနဲ့
ငါ့အနားကနေ ကွယ်ပျောက်သွားမှာ စိုးမိတာပါ။
ဘာကြောင့်လည်းလို့ မမေးမိပါစေနဲ့
ငါပျောက်ဆုံးသွားနိုင်သလို
မင်းပျောက်ဆုံးသွားမှာကိုလည်း မလိုလားလို့ပါ။
ဘာကြောင့်လည်းဆိုတာထက်ကောင်မလေးရေ
ငါမင်းအတွက် ကောင်းကင်တစ်ခုသာဖြစ်ချင်ခဲ့လို့ပါ။

No comments:

Post a Comment