-->
အလွမ်းတွေပိုက်ထွေးပြီး
အဝေးရောက်နေသော
မင်းကို ကျမဖြူစင်စွာ
ငေးကြည့်နေဆဲပါ......။
တမ်းတမှုတွေမိတ်ဖွဲ့ပြီး
အဆုံးသတ်မရသော
ဒီနစ်ခြင်းတွေနဲ့အတူ
မင်းများပြန်လှည့်လာမလားလို့
ခုချိန်ထိ မိုက်ရူးရဲတွေနဲ့
စောင့်မျှော်နေတတ်ဆဲပါ......။
အဆုံးထိမျှော်လင့်နေရင်း
ကံအကြောင်းမလှတော့
ချစ်ရက်နဲ့လမ်းခွဲနေရတဲ့
ဖြစ်ရပ်မှန် ဘယ်ကံတရားကို
မှီခိုပြီး ဆုတောင်းနေရအုံးမှာလဲ.....။
ထားခဲ့လိုက်ပါတော့
မင်းရဲ့လိုအပ်ခြင်းတွေ ငါမှမဟုတ်ခဲ့တာ
ကျောခိုင်းလိုက်ပါတော့
မင်းရဲ့ဘ၀မှာ ငါဆိုတာ
သာယာမှုတွေမဖန်တီးနိုင်တဲ့သူတစ်ယောက်ပါ....။
လောကကံတရားရဲ့
စေညွန်းရာမင်းရဲ့ အဝေးမှာ