-->

Thursday, November 1, 2012

ချစ်ညီမျှခြင်း


နင်မရှိတော့ 
ငါ့ ရင်ခွင်မှာ မပြည့် စုံသလို
ကောင်းကင်ကကြယ်လေးတွေ မလင်းလက်ဘူး

မတူညီတဲ့  ငါတို့ ဘဝနှစ်ခုကို
ပေါင်းစပ်ဖို့ အတွက် ငါအမြဲကြိုးစားနေတယ်
ငါကြိုးစားနေဆဲမှာပဲ နင်ကငါ့ ကိုတဖြည်းဖြည်းနဲ့ ထားသွားတယ်

နင်နေ့ တိုင်းစီးနေရတာက pardo ကား
ငါနေတိုင်းစီးနေရတာ မှတ်တိုင်က bus ကား
ရွှေဘုံပေါ်က နင့် ရဲ့ ဘဝကိုငေးကြည့် ပြီး
ငါကရင်မော ရုံသက်သက်ပါ


ဒါပေမယ့် လည်း ချစ်နေကြရင်ပြီးရောလို့ 
နင့် နုတ်ခမ်းက နေထက်ခါထက်ခါ ပြောခဲ့ တယ်
မျဉ်းပြိုင်နှစ်ကြောင်းကို ဆုံနိုင်ဖို့ ဆိုတာ
ဝတ္ထုတွေထဲကလို ကိုယ်ဇာတ်သိမ်းချင်သလို
သိမ်းလို့ ရတဲ့  အ၇ာမျိုးမှ မဟုတ်တာ

ငါကနင်တယောက်တည်းကိုပဲချစ်တာ
နင်ဘာပဲဖြစ်ဖြစ်ဘယ်ဘဝရောက်ရောက်
ပတ်ဝန်းကျင်ကမေးငေါ့  လက်ညိုးထိုးတာကိုငါခံနိုင်တယ်
နင်ညိုညင်မှာကို ငါမခံနိုင်ဘူး

ထားမသွားပါနဲ့ လို့ ငါအကြိမ်ကြိမ်တောင်းပန်လည်း
ငါ့ စကားတွေက သဲထဲရေသွန်သလို
ဘာတခုမှ အရာမထင်ခဲ့ ပါဘူး
အခုဆိုနင်ထားခဲ့ တာ၂ နှစ်တောင်ရှိနေပြီနော်

ယောင်္ကျားတန်မဲ့  မျက်၇ည်ကျတာကို
နင်ကအသဲမာတယ်ပြောချင်သေးလား
ငါ့ မှာချစ်တဲ့ စိတ်တစိတ်တည်း ရှိလို့ 
နင့် တယောက်တည်းကို ချစ်ခဲ့ တယ်
ပြီးတော့  နင်တယောက်တည်းကိုပဲ လိုချင်ခဲ့ တယ်

ငါငယ်ငယ်က လမင်းကြီးကိုလိုချင်လို့ ငိုယိုပြီးတောင်းသလို
အခုလည်းနင့် ကိုပဲ လိုချင်ခဲ့ တယ်
ဒါမဖြစ်နိုင်ဘူးဆိုတာ ငါ့ ကိုငါသိတယ်
ဒါကြောင့်နင့် ကိုချစ်မိတဲ့  ငါ့ စိတ်ကို
ငါပြန်ဆုံးမပြီး ဒဏ်ခက်လိုက်တယ်
ဒီတသက်နင်ကလွဲပြီး ဘယ်သူကိုမှ မချစ်တော့ ဘူးလို့ 

အခုလူတွေအကုန်လုံးအိပ်ပျော်နေကြပြီ
နင်ဘယ်မှာရှိမလဲလို့  ကောင်းကင်ကိုမေးကြည့် တော့ 
ကြယ်တလုံးကြွေကျတာကို ငါ့ တွေ့ လိုက်တယ်
ကြယ်ကြွေတာတွေ့ ရင်ဆုတောင်းပြည့် တယ်ဆိုလို့ 
ငါတခုဆုတောင်းလိုက်တယ်..........

နောင်ဘဝဆက်တိုင်းမှာ
ဘယ်ဘဝရောက်ရောက် နင်နဲ့ ဘဝတူပြီး
ချစ်ခြင်းညီမျှတဲ့  ချစ်သူနှစ်ဦးဖြစ်ပါရစေလို့ ...........................။


http://forum.myanmar-technicians.org/index.php/topic,1636.10.html

No comments:

Post a Comment