-->

Thursday, November 1, 2012

နောင်ဘ၀များဆီသို့.....ချစ်သူ

ချစ်တတ်အောင်လည်း မသင်ခဲ့ပါဘူး
မုန်းတတ်အောင်လည်း မသင်ကြားချင်ဘူး
မင်းကိုချစ်ခဲ့တာ ခဏတာပျော်ရွှင်မို့
မင်းထင်ခဲ့တယ်ဆို ငါ့ကိုမေ့လိုက်ပါလို့
ငါတောင်းဆိုမှုမပြုချင် ခဲ့ပါဘူးချစ်သူ
ကွာခြားမူများစွာထဲ ညှိနိုင်းရန်ခက်ခဲ့
ဖြစ်တည်နေမူများစွာကိုလည်း
တို့နှစ်ယောက်လုံး သိခဲ့ကြတာပဲ
ခွဲသွားမယ့်စကား လေပြေလေးတောင်
တို့နှစ်ယောက်ကြား မရှိစေချင်ခဲ့တာပါ
နေ့သစ်တစ်ခုချစ်ခြင်းစုတည်
ချစ်ခဲ့သော်လည်း ဒီရင်ထဲဝယ်
နက်နက်ရှိုင်းရှိုင်း ဖြစ်ခဲ့တာပါကို့ ချစ်သူ

ကမ္ဘာမြေကြီးတစ်ခုတည်းမှာရှိနေပေမယ့်
တို့နှစ်ယောက်ရယ်က တစ်ကမ္ဘာခြား
ဘယ်လိုအငြိုးများ ဆင်းသက်လာလည်း
ဝေးကွာခြင်းများ တားစီးမရခဲ့ပါဘူး
ပြန်ဆုံမို့လည်း တို့နှစ်ဦးသာ
နောက်နောင်ဘ၀ ဆုတောင်းကြစို့
``ကို´´ ချစ်ခဲ့မိအပြစ်ရှိလည်း
တောင်းပန်ခြင်းတွေ မပြုလိုဘူး
ပြန်ဆုံကြမယ် နောက်ဘ၀ဆီသို့...

No comments:

Post a Comment