-->

Monday, November 5, 2012

လေလိုင်းထဲမှ တို့နှစ်ယောက်


လေလိုင်းပေါ်မှာ တွေ့ဆုံခွင့်ရခဲ့သလို
တို့နှစ်ယောက်ရဲ့ ဆုံတွေ့ချိန်လေးတိုင်းမှာ
ရင်ခုန်သံတွေ ထပ်တူကျခဲ့ရပြီပဲကွာ
တစ်နေ့ဆိုတဲ့ မျှော်လင့်ချက်လေး
နည်းနည်းလေးဖြစ်ဖြစ်တော့
ထားခွင့်ပေးပါ လို့တောင်းဆိုချင်ပါတယ်
အိပ်မက်လေးတိုင်းမှာ မင်ရောက်လာသလို

မက်ခွင့်ရတဲ့ အိပ်မက်လေးပျောက်သွားမှာကိုတော့
တွေးမိတိုင်းငါကြောက်နေမိတယ်ကွာ
ငှက်တစ်ကောင်လို တောင်ပံတစ်စုံရှိမယ်ဆို
မင်းနားကို ပျံသန်းလို့ အရောက်လာချင်ပါတယ်
လိုချင်နေတဲ့ ရင်ခွင်လေးတစ်ခုကိုပေါ့

No comments:

Post a Comment